News Coming

CB Bank (မြောက်ဒဂုံဘဏ်ခွဲ) အတွင်း သေနတ်ထောက် ဓားပြတိုက်ပြီး ဗုံးအတု ထောင်ခဲ့သော အဓိကတရားခံအား ဆက်လက်ရှာဖွေနေဟုဆို

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဒဂုံ ပင်လုံလမ်းမပေါ် (၃၅)ရပ်ကွက် ကျောင်းလမ်းရှိ CB Bank (မြောက်ဒဂုံဘဏ်ခွဲ) အား ယနေ့ နံနက် ၉နာရီဝန်းကျင်က ဓားပြတိုက်ပြီး ဗုံးအတု ထောင်ခဲ့သော အဓိကတရားခံအား ဆက်လက်ရှာဖွေနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတစ်ဦးကပြောကြားပါတယ်..

“ထောင်ထားတဲ့ ဗုံးက ယမ်းမပါဘူး၊ အတုပါ ၊ သေချာ ရှင်းလင်းခဲ့ပြီ၊ တရားခံဖမ်းမိရေး ဦးစားပေးဆောင်ရွက်နေတယ်၊ အသေးစိတ်ပြောလို့မရသေးပါဘူး”ဟု ရဲမှူးက ဆိုပါတယ်..

CB Bank (မြောက်ဒဂုံဘဏ်ခွဲ)အတွင်း ဝန်ထမ်းကို သေနတ်ဖြင့်ချိန်၍ ပိုက်ဆံ သိန်းခြောက်ရာခန့်အား ယူဆောင်ကာ ဘဏ်အတွင်း၌  ဗုံးနှစ်လုံးထောင်ခဲ့ပြီး CC-9965 ပရိုဘောက် အဖြူရောင်ယာဉ်ဖြင့် ဘဏ်အရှေ့မှ (၃၅) ရပ်ကွက် အဏ္ဏဝါ လမ်းအတိုင်း ထွက်ပြေးသွားကြောင်း၊ အဆိုပါ ဗုံးအား  မိုင်းရှင်းလင်းရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ဗုံးအတုဖြစ်ကြောင်း၊ လက်ရှိချိန်ထိ ( နေ့လည် ၃နာရီခွဲထိ)တရားခံအား ဖမ်ဆီးရမိခြင်းမရှိဘဲ တရားခံဖမ်းဆီးရမိရေး ကြိုးစားဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောပါတယ်..

“သာကေတမှာ တရားခံစီးသွားတဲ့ ကားလို့ ယူဆရတဲ့ ကားတွေ့တယ်၊ တက္ကစီယာဉ်မောင်းနဲ့ ကားကို ခုဖမ်းမိထားပါပြီ၊ တက္ကစီသမားပါဝင်ပတ်သက်မှုရှိမရှိ စစ်ဆေးဆဲပါ၊တရားခံနောက် ဆက်လိုက်နေပါတယ်”ဟု တရားခံအားလိုက်လံဖမ်းဆီးနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်..

CB Bank (မြောက်ဒဂုံဘဏ်ခွဲ)တွင် ဓားပြတစ်ဦးမှ လက်နက်ဖြင့် ဓားပြတိုက်၊ ဗုံးဟု ယူဆရသော အရာအားထားခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ဘဏ်ဝန်ထမ်းများ နှင့် Customer များထိခိုက်မှု လုံးဝမရှိကြောင်း၊ဘဏ်မှ ငွေသားသိန်း(၆၀၀)ခန့်ပါသွားကြောင်း၊ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့များ မိနစ်ပိုင်းအတွင်း အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိ စိစစ်ပြီး ဗုံးဟုယူဆရသော အရာအား ရှင်းလင်းပြီးဖြစ်ကြောင်း CB Bankက ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ သိရပါတယ်..

 

CB Bank အနေဖြင့် လုံခြုံရေး တပ်ဖွဲ့များ နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နေ့လည် ၁နာရီ ၄၅မိနစ်အချိန်မှစ၍ ဘဏ်ခွဲအား ပုံမှန် ဘဏ်လုပ်ငန်းများပြန်လည် ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်..

 

Comment here