News Coming

ကလေးမှ တီးတိန် အဝင်အထွက်ဂိတ်များ ပိတ်ဆို့ထား

ကော်ရိုနာဗိုင်းရပ်စ်ကူးစက် လူနာ ကလေးမြို့တွင် ၄ ရက်ကြာနေထိုင်ပြီး ကလေးတက္ကသိုလ်အပါအ၀င် နေရာများသို့ လည်ပတ်ခဲ့၊ ကလေးမှ တီးတိန် အဝင်အထွက်ဂိတ်များ ပိတ်ဆို့ထား

အမေရိကန်ပြည်ထောင်စုမှ ပြန်လာသော ကော်ရိုနာဗိုင်းရပ်စလူနာသည် စစ်ကိုင်းတိုင်း၊ကလေးမြို့တွင် ၄ ရက်ကြာ နေထိုင်ခဲ့ပြီး လက်ရှိတွင် လူနာလည်ပတ်ခဲ့သည့်နေရာများကို ပိတ်ဆို့ထားပြီဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက် ၊ ရတနာပုံလမ်းတွင် ခေတ္တတည်းခိုခဲ့ပြီး ချယ်ရီ ဓာတ်ပုံတိုက်တွင်လည်း အကြိုမင်္ဂလာဆောင်ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးခဲ့ကြောင်း၊ ကလေးတက္ကသိုလ်တို့သို့လည်း သွားရောက်လည်ပတ်ခဲ့ကြောင်း၎င်းက ဆိုသည်။

“အခုကျမတို့ လူနာလည်ပတ်တဲ့နေရာတွေကို ပိတ်ပင်ထားပါပြီ။ ကလေးတစ်မြို့လုံးတော့ Lock Down လုပ်တာမျိုးမဟုတ်သေးပါဘူး။ သူလည်ခဲ့တဲ့နေရာတွေပေါ့။ သူတည်းခိုခဲ့တဲ့ အိမ်၊ ချယ်ရီဓာတ်ပုံတိုက်ကိုလည်း Home Quarantine လုပ်ထားပါတယ်။ သူက ကလေးတက္ကသိုလ်ကိုလည်း သွားလည်ခဲ့တော့ တက္ကသိုလ်ကိုလည်း ပိတ်လိုက်ပါပြီး။ ကလေးကနေ တီးတိန်တက်တဲ့ ဂိတ်တွေကိုလည်း ပိတ်ထားပါတယ်။ နောက်ထပ်လည်း ပိတ်ပင်မှုတွေ ထပ်လုပ်ဖို့ရှိပါတယ်” ဟု ဒေါ်အေးအေးမူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကလေးမြို့သည် လမ်းဆုံလမ်းခွဖြစ်၍ ကျန်းမာရေး စောင့်ကြည့်မှုများကို ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ-MOI

Credit

 

Comment here