International News

ယနေ့ ” ဗီယက်နမ် ” ကတော့ သူ့သမိုင်း သူရေး လိုက်ပါပြီ

ယနေ့ ” ဗီယက်နမ် ” ကတော့ သူ့သမိုင်း သူရေး လိုက်ပါပြီ

C ovid ကြောင့် သေ ဆုံး သူ မရှိသေး တဲ့ ဗီယက်နမ် Covid အပေါ် တုန့်ပြန်မှု ဘယ်လို လုပ်ဆောင်ခဲ့သလဲ….

အ တု ယူစရာကောင်း ပါတယ် ကျနော် တို့လည်း အဲ့လို အရေးယူမှု့တွေ လုပ်ကြည့်ပါလား…..Covid ကြောင့် သေဆုံးသူမရှိသေးတဲ့ ဗီယက်နမ် ….ဗီယက်နမ်က Covid အပေါ် တုန့်ပြန်မှုကို ကမ္ဘာကြီးက သင်ယူလိုက်ပါ…

ဗီယက်နမ် နဲ့ Covid ..တရုတ်ဖြစ်နေချိန် Jan 24 က 2C နဲ့ စခဲ့..သူ့ထက် တစ်ရက်စောတာက USA …သူနဲ့တန်းတူက စင်္ကာပူ..သူ့ထက်နဲနဲစောတာက ဂျပန် ..တောင်ကိုရီးယား နဲ့ ထိုင်း ..အဲဒီအချိန်က သူတို့ 1C , 2C လေးတွေပဲ ရှိကြသေးတယ်..

အစောကြီး ကတည်းကဖြစ်နေပြီးခုချိန်ထိ ဘာ့ကြောင့် သေဆုံးမှု Zero အဖြစ် နဲ့ ရပ်တည်နေနိုင်တာလဲ..အချက် ၃ ချက် ပေးထားပါတယ်

1…နှောင့်နေမနေပဲ အတူတကွ ပူးပေါင်းဆောင် ရွက်တယ်
2..ကျယ်ပြန့်တဲ့ စစ်ဆေးမှုတွေ လုပ်တယ်
3..ကာကွယ်မှုကို ပြင်းပြင်း ထန်ထန် အလေးထားဆောင်ရွက်တယ်

ပထမအချက်အတွက်.. ဒုတိယဝန်ကြီးချုပ် ဦးဆောင်ပြီး Covid ကာကွယ်ရေး နဲ့ ထိန်းချုပ်ရေး ဆိုင်ရာ အမျိုးသားဦးဆောင်ကော်မတီ ကို အလျင်အမြန် ဖွဲ့စည်းပြီးတုန့်ပြန်မှုအစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့

ဒုတိယအချက် အတွက် ..တရားဝင် ပြောကြားချက်အရဆိုရင်Q ဝင်ထားတာ 75,000လောက် ရှိတယ်..တစ်ချို့က အိမ်မှာ..တစ်ချို့က ထိန်းချုပ်ကုသ ကြပ်မတ်စင်တာတွေမှာ..စမ်းသပ်မှုပေါင်း ဒီကနေ့ 15 Apr အထိ132,771 ရှိထားပြီး 267 Cases ..သေဆုံးသူ လုံးဝ မရှိ…Zero Deaths Mask မဖြစ်မနေ တပ်ကြ..မြို့တော် ဟိုရှီမင်းရဲ့ အဓိကကျတဲ့ လမ်းမကြီးတွေမှာ နှာခေါင်း စည်းတပ်ကြဖို့ အသိပေးဆိုင်းပုဒ်တွေ တပ်ဆင်ထား

ကိုယ့်ကြောင့် သူတစ်ပါးကူးစက်ခံရတယ်..အဲဒါ နှာခေါင်းစည်း မတပ်ထားခဲ့တာကြောင့်လို့ ထင်ရှားခဲ့ရင် ပြစ်မှုမြောက်တယ်..သူ့အတွက်က ထောင်ဒဏ် ၁၂ နှစ် Mask တပ်ဖို့ ငြင်းဆန်ရင်ထောင်ဒဏ် ၉ လ..(တကယ် လုပ်တယ်နော် ..သူတို့က ပြတ်သားတယ်..)မတ်လ ၁၀ ရက်နေ့က တစ်ယောက် အမိန့် ချထားရပြီးပြီ

တတိယအချက်အတွက်..အစိုးရက ရဲ့ တာဝန်ယူစောင့်ရှောက်မှူ အားကောင်းတယ်..ကုမ္ပဏီတွေက သူ့အလုပ်သမားတွေ ကို ပံ့ပိုးကူညီမှူ ပြုလုပ်တယ် …(ထောက်ပံ့မှုအနေနဲ့ မနက် ၈ နာရီကနေ ညနေ ၅ နာရီအကြား အခမဲ့ ဆန်ပေးဝေမှုအတွက် ATM စက်ကလေးနဲ့ အလိုအလျောက်ချိန်တွယ် ပေးဝေမှု စနစ်ကို လုပ်ထားပေးတယ်

စည်းစနစ်ကျကျ လူမှုရေးကွာဝေးမှုစနစ်ကို တိတိကျကျ လိုက်နာကျင့်သုံးကြတယ်..)ခုလို တင်းတင်းကျပ်ကျပ် ပြုလုပ်တာကအောင်မြင်ခြင်း ရလာဒ်ပဲဖြစ်တယ် လူမှုရေးညီညွတ်မှုသည် အကျပ်အတည်း များကို ရှောင်ရှားနိုင်သည်.ခုဆို WHO အပါအဝင် ကမ္ဘာတစ်ခုလုံးက ဗီယက်နမ်ကို ချီးကျူးထောပနာ ပြုနေကြပြီ…ဒီဧပြီလထဲမှာပဲ ဥရောပနဲ့ အရှေ့တောင်အရှ နိုင်ငံတွေဆီကို ဆေးပစ္စည်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ Covid ကြောင့် သေဆုံးသူ မရှိသေး တဲ့ ဗီယက်နမ် Covid အပေါ် တုန့်ပြန်မှု ဘယ်လိုလုပ်ဆောင်ခဲ့သလဲ

Face mask တစ်သန်းနှစ်သောင်းကျော် အနက်ဗြိတိန်.. ဂျာမဏီ.. အီတလီ နဲ့ စပိန် တို့ထံ550,000 …အိမ်နီးချင်း ကမ္ဘောဒီယားအတွက် 390,000 လာအိုသို့ 340,000 တို့အပြင်ပြင်သစ် ..ဂျာမဏီ ..အီတလီ.. စပိန်နဲ့ ဗြိတိန် တို့ထံ ဆေးဝါးများထောက်ပံ့ လှူတန်းခဲ့

ဗီယက်နမ်ဟာ Covid ကို တိုက်ရင်းစီးပွားရေး ပြန်လည်ရှင်သန်အောင် လုပ်ဆောင်သွားနိုင်မယ် လို့မျှော်လင့်ထားကြောင်း သတင်းထောက်တွေကို ပြောကြား လိုက်ပါတယ် ကျနော်တို့ သူ့ဆီက သင်ယူ ဖို့ အဆင်သင့်ဖြစ်ပြီလား…Covid ကို အောင်မြင်စွာ တိုက်နိုင်ဖို့ကနိုင်ငံ အသီးသီးနဲ့သာ သက်ဆိုင်တော့တာပါ ယနေ့ ဗီယက်နမ်ကတော့ သူ့သမိုင်း သူရေး လိုက်ပါပြီ…

 

Comment here