Education

သံဃာတော်တွေကိုစော်ကားတဲ့ မိတ္ထီလာမြို့နယ်ကဆရာ၀န်ကို ဖမ်းဆီး

ပါချုပ်ဆရာတော်ကြီးမှအစ သံဃာတော်တွေကိုစော်ကားတဲ့ မိတ္ထီလာမြို့နယ်ကဆရာ၀န်ကို ဖမ်းဆီး (Live)

ဗုဒ္ဓဘာသာဝင်များနှင့် သံဃာတော်များအား စော်ကားရိုင်းပြခဲ့သော ဆရာဝန်ကိုယ်တိုင်တောင်းပန်ရန် ရောက်ရှိလာ

ယနေ့ မေလ ၁၉ ရက်နေ့နံနက် ၉နာရီအချိန်ခန့်တွင် နန်းတော်ကုန်းရပ်ကွက်ရှိ နဂါးရုံကျောင်းတိုက်၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေတာပဲဖြစ်ပါတယ်။

အဆိုပါ မိတ္ထီလာမြို့နေ ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်ဝင်းသန့်မှ ဗုဒ္ဓဘာသာဘုန်း တော်ကြီးအသိုင်း အဝိုင်းတစ်ခုလုံးကို အယုံအကြည်မရှိကြောင်း၊ ပါမောက္ခချုပ်ဆရာတော်ကစလို့ မနေ့ကဝတ်တဲ့ကိုရင်အထိ လူယုတ်မာတွေ ဖြစ်ကြောင်း၊အလုပ်လည်းမလုပ်ကြောင်း တိုင်းပြည်ကိုအခွန်မဆောင်ကြကြောင်း၊ ချွေးနှဲစာကိုအခန့်သားသုံးနေကြောင်း လူမှုကွန်ယက်မှာရေးသားခဲ့ပါတယ်။

သူဟာတပ်နဲ့ဘုန်းကြီးတွေကိုမုန်းတီးလို့ ကြုံရင်ကြုံသလိုစော်ကားမှာဖြစ်ကြောင်းလည်းရေးသားခဲ့ပါတယ်။

သာသနာတော်ညှိုးနွမ်းစေမှုနဲ့၎င်းကို အရေးယူပေးဖို့ ဗုဒ္ဓဘာသာဝင်များကလိုလားလျက်ရှိနေကြပါတယ်။ပုဒ်မ ၂၉၅ – က။ ။ဘာသာ သာသနာဆိုင်ရာ ပြစ်မှုများ။လူတစ်စား ကိုယ်ကွယ်သည့် ဘာသာ သာသနာကိုဖြစ်စေ၊ ဘာသာသနာရေး ယုံကြည်မငကိုဖြစ်စေ၊ စော်ကားခြင်းဖြင့် ထိုလူတစ်စား၏ ကိုးကွယ်ရာ ဘာသာရေး စိတ်ဓါတ်ကို နာကြည်းစေရန်ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်မှုများ။

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် နေထိုင်သော လူတစ်စား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင် မသမာသော အကြံဖြင့် မည်သူမဆို၊ စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုသဏ္ဍာန်ဖြင့်ဖြစ်စေ၊ ထိုလူတစ်စား ကိုးကွယ်သည့် ဘာသာသာသနာကိုသော်လည်းကောင်း၊ ဘာသာ သာသနာ ယုံကြည်မှုကို သော်လည်းကောင်း စော်ကားလျှင်၊ သို့တည်းမဟုတ် စော်ကားရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

တရားခံသည် စကားပြောခြင်း၊ စာနှင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင်နှင့် ဖြစ်စေ ရေးသားခြင်။ထိုသို့ပြုခြင်းဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတွင် နေထိုင်သော လူတစ်စား၏ ကိုးကွယ်သော ဘာသာ သာသနာကို သော်လည်းကောင်း၊ ဘာသာရေး ယုံကြည်ကိုးကွယ်မှုကို သော်လည်းကောင်း၊ စော်ကားခြင်း၊ စော်ကားရန် အားထုတ်ခြင်။။ထိုလူတစ်စား၏ ဘာသာရေးစိတ်ကို နာကျဉ်းစေရန် တမင် မသမာသော အကြံဖြင့် ပြုခြင်း။

ပုဒ်မ ၂၉၅ (က)ပြစ်မှုလူတစားကိုးကွယ်သည့် ဘာသာ သာသနာကိုဖြစ်စေ၊ ဘာသာသာသနာရေး ယုံကြည်သူကိုဖြစ်စေ၊ မသမာစိတ်နှင့် စော်ကားမှုရုံးက ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိမရှိ…ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် မရှိ။သာမန်အားဖြင့် ဝရမ်းသို့မဟုတ် သမ္မာန်စာကို ပထမဦးစွာ ထုတ်ရ/မထုတ်ရ။ ……… ဝရမ်း အာမခံပေးနိုင် မပေးနိုင် အာမခံ မပေးနိင်။

ကျေအေးခွင့် ရှိမရှိ . ကျေအေးခွင့် မရှိ။ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်ဒဏ်……..၂နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ။မည်သည့် တရားရုံးက စစ်ဆေးအစီရင်နိုင်သည် ………….. စက်ရှင်တရာရုံး

၁။ တရားခံသည် လူတစ်စား၏ ဘာသာရေးစိတ်ကို နာကျဉ်စေရန် တမင်ပြုလုပ်ခြင်လည်း ဖြစ်ရမည့် အပြင်၊ မသမာသောအကြံဖြင့် ပြုလုပ်မှသာ ဤပုဒ်မနှင့် အကျုံးဝင်မည်ဖြစ်သည်။တစ်နည်းဆိုရသော် ဤပုဒ်မနှင့် အကျုံးဝင်ရန် တမင်ပြုလုပ်သည်ဆိုသော အင်္ဂါရပ်အပြင် မသမာသော အကြံဖြင့် ပြုလုပ်သည်ဆိုသော အင်္ဂါရပ်လည်း ရှိရန် လိုပေသည်။Credit: ဦးကျော်ဇေယျ ပြစ်မှုဆိုင်ရာ ရာဇသတ်ကြီး အဘိဓါန်။ ပေသီး

 

Comment here