International News

ကိုဗစ်ပျောက်အောင် လက်ကိုနမ်းပြီးမန်းပေးတဲ့ ဘာသာရေးဆရာ ကိုဗစ်ဖြင့် သေဆုံး

လက်ကိုနမ်းပြီး ကိုဗစ်ပျောက်အောင် မန်းပေးတဲ့ ဘာသာရေးဆရာ ကိုဗစ်ဖြင့် သေဆုံး

အိန္ဒိယနိုင်ငံမှ ဘာသာရေးဆရာတစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် လူနာများအား လက်ကိုနမ်းပေးသည့်နည်ြးဖင့် ရောဂါပျောက်အောင် ကုသပေးနိုင်သည်ဟုဆိုခဲ့သော်လည်း ၎င်း ကိုယ်တိုင်မှာ ကိုဗစ်ကြောင့်သေဆုံးခဲ့သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ မက်ဒ်ရာပရာဒက်ရှ် ပြည်နယ် ရက်လမ် မြို့မှ အဆိုပါဘာသာရေးဆရာသည် ၎င်းကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသည့်အပြင်နောက်လိုက်များ၏လက်ကိုပါနမ်းခဲသည့်အတွက်၎င်း၏နောက်လိုက် ၂၀ ပါ ရောဂါ ကူးစက်ခံခဲ့ရသည်။ဘာသာရေးဆရာ ကိုယ်တိုင်မှာလည်း ဇွန်လ ၃ ရက်တွင် အခြေအနေဆိုးရွားသည့်အချိန်မှသာ ရောဂါ ကူးစက်ခံထားရမှန်းသိရှိပြီး နောက်တစ် ရက်တွင် သေဆုံးသွားခဲ့သည်။

အဆိုပါ ဘာသာရေးဆရာမှတစ်ဆင့် ရောဂါကူးစက်ခံသူ ၂၀ ထဲတွင် ၎င်း၏မိသားစုဝင် ၇ ဦးလည်းပါဝင်ပြီး အခြား ၂၉ ဦးကိုလည်းထပ်မံ စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု အိန္ဒိယကျန်းမာရေးအာဏာပိုင်များက ဆိုထားသည်။

အိန္ဒိယနိုင်ငံတွင် လက်ရှိအချိန်ထိ ကိုဗစ် ရောဂါကူးစက်ခံရသူ ၃ သိန်း ၆ သောင်းကျော်နှင့်သေဆုံးသူ ၁၂၀၀၀ ကျော်ရှိလာပြီး လော့ဒေါင်း ဖြေလျှော့ပေး ပြီးချိန်မှစတင်ကာ ရောဂါကူးစက်ခံရသူအရေအတွက်မှာ ပိုမိုများပြားလာခဲ့ခြင်းဖြစ်သည်။Crd#

 

Comment here