Knowledge

Covid ကြောင့် အလုပ်လက်မဲ့ဖစ်နေချိန် ထီလက်မှတ် ၂၅ စောင်လုံး တစ်ပြိုင်တည်းပေါက်ခဲ့သူ

ထီလက်မှတ် ၂၅ စောင်လုံး တစ်ပြိုင်တည်းပေါက်ခဲ့တဲ့ ပူပူနွေးနွေး အလုပ်လက်မဲ့ဖခင်ကြီး

 

 

ကျွန်တော်တို့တွေများ တစ်လတစ်ခါထီပုံမှန်ထိုးနေတာ ၅ သောင်းဆုတောင် တစ်ခါမှမပေါက်ခဲ့ဖူးဘူး။ ဒါပေမဲ့ အခု အမျိုးသားကတော့ ထီပုံမှန်ထိုးနေကျမဟုတ်ဘဲ ဒီတိုင်း ကံစမ်းလိုက်တာတောင်မှပဲ တစ်ခါတည်းနဲ့ ထီဆု ၂၅ ဆုကို ပေါက်သွားခဲ့သတဲ့လေ။

သူ့နာမည်ကတော့ Raymond Harrington ဖြစ်ကြောင်း Fox News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ Virginia ကမ်းခြေမှာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ အိမ်ထောင်ဦးစီးတစ်ဦးဖြစ်ပေမယ့်လည်း COVID-19 ကြောင့် မိသားစုတစ်စုလုံး မှီခိုနေရတဲ့ အလုပ်ကလေးကနေပြီး ပြုတ်သွားခဲ့ပါတယ်။ အလုပ်အသစ်ကလည်း ပြန်ရှာရတာ ဒီကာလကြီးမှာ သိပ်ကိုခက်ခဲလွန်းတဲ့အတွက် အမျိုးသားဟာ မိသားစုရဲ့ စားဝတ်နေရေးကိုတွေးပူပြီး စိတ်ဓာတ်ကျနေတဲ့အချိန်ပေါ့။အဲဒီမှာ စိတ်ပြေလက်ပျောက် မျှော်လင့်ချက်လေးများ ရှိမလားဆိုကာ ထီးထိုးဖို့ အကြံရခဲ့ပါတယ်တဲ့။ ဒါနဲ့ပဲ ဇူလိုင်လ ၁၇ ရက်နေ့ညမှာပဲ Wegman ဆိုတဲ့ဆိုင်လေးမှာ ထီဝင်ထိုးခဲ့ပါတယ်။

 

 

ထီတစ်စောင်ကို တစ်ဒေါ်လာပေးရတဲ့ Pick 4 အမျိုးအစားကို ထိုးခဲ့တာပါ။ သူ့ရဲ့ ဆုပေးတဲ့ ပုံစံကတော့ ကိုယ်က ကဏန်း ၄ လုံးပါတဲ့ နံပါတ်ကို ရွေးချယ်ရမှာဖြစ်ပြီး နံပါတ်တူကိုလည်း ဘယ်နစောင်ထိုးထိုးရတယ်ပေါ့လေ။ဒါနဲ့ Raymond ဟာ 4-6-4-0 ဆိုတဲ့ နံပါတ်လေးလုံးကို ရွေးချယ်ခဲ့ပါတယ်။ အစကတော့ တစ်စောင်ပဲ ထိုးဖို့ ကြံရွယ်ခဲ့ပေမယ့် မသိစိတ်ကနေပြီး သူ့ကို အဲဒီနံပါတ်ကိုပဲ ၂၅ စောင်ထိုးဖို့အတွက် အရမ်းတွေ တိုက်တွန်းနေခဲ့တာကြောင့် စိတ်ဆုံးဖြတ်ပြီး ၂၅ ဒေါ်လာနဲ့ 4-6-4-0 ကိုပဲ ၂၅ စောင်တိတိ ထိုးလိုက်ခဲ့ပါတော့တယ်။

Pick 4 ထီက ဒီနေ့ထိုးတဲ့ နံပါတ်တွေကို မနက်ဖြန်တစ်ခါတည်း ထီပေါက်စဉ်ထုတ်ပေးတာဖြစ်တဲ့အတွက် နောက်တစ်နေ့မှာတော့ Raymond အနေနဲ့ ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားစေခဲ့ပါတော့တယ်။သူထိုးခဲ့တဲ့ 4-6-4-0 ကဏန်းဟာ ထီပေါက်ကဏန်းဖြစ်သွားခဲ့ပါတယ်။

 

 

တစ်စောင်ကို ဒေါ်လာ ၅၀၀၀ ဆိုတော့ ၂၅ ကြိမ်ဆိုတော့ ဒေါ်လာ ၁၂၅,၀၀၀ တောင် ရသွားခဲ့တာပါ။ တော်တော်လေး ကံကောင်းတဲ့ Raymond ပါပဲ။ ထီထိုးတုန်းက စိတ်ထဲမှာရှိနေတာ သူရဲ့သားလေးနှစ်ယောက် တက္ကသိုလ်တက်တဲ့အခါ ပေးရမယ့်ပိုက်ဆံတွေကိုပဲ ရှိနေတာပါတဲ့။ အခုတော့ Raymond ဘဝလေး အဆင်ပြေချောင်လည်သွားပြီပေါ့။

 

Comment here