Knowledge

ဦးဌေးအောင်ကို ထောင်ဒဏ်တစ်သက်တကျွန်းချနိုင်တဲ့ ပုဒ်မနဲ့ ဖမ်းလိုက်ပြီ

အမေစုကို စော်ကားနေတဲ့ ဦးဌေးအောင်ကို ထောင်ဒဏ်တစ်သက်တကျွန်းချနိုင်တဲ့ ပုဒ်မနဲ့ ဖမ်းလိုက်ပြီ

 

 

အင်တာနက်လူမှုကွန်ရက်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို စော်ကားပြောဆိုတဲ့ရန်ကုန်တိုင်းဗိုလ်တထောင်မြို့နယ်ရှိ Orchid Hotel ပိုင်ရှင် ဦးဌေးအောင်ကိုထောင်ဒဏ်တစ်သက်တကျွန်းအထိ ချနိုင်တဲ့ ဥပဒေ ပုဒ်မတွေနဲ့ ဖမ်းဆီးလိုက်ပါပြီ။

ဦးဌေးအောင်ကို ဒီနေ့ ညနေ ၄နာရီ၃၅မိနစ်အချိန်တွင် ပုဇွန်တောင်မြို့နယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့ ပုဇွန်တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကတရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ပြီး အရှေ့ပိုင်းခရိုင်တရားရုံး၌ ရမန်ယူထားကြောင်းသိရပါတယ်။

 

ပုဒ်မ၁၂၄ (က)သည် အစိုးရအဖွဲ့အရာရှိတစ်ဦးက တရားရုံးသို့ ဦးတိုက်လျှောက်ထား စွဲဆိုရသည့် ပုဒ်မဖြစ်ပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၁၂၄(က) တွင် မည်သူမဆို နုတ်ဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားသော နည်းဖြင့်ဖြစ်စေ ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက်ဥပဒေအရတည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊

 

 

မလေးစားအောင် သော်လည်းကောင်း ပြုလျင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျင် သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျင်၊ သို့တည်းမဟုတ်
ထိုသို့လှုံ့ဆော်ရန် အားထုတ်လျင်၊ ထိုသူကို ငွေဒဏ်နှင်တကွ တစ်သက်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် တစ်သက်ကျွန်းအောက်လျော့သည့်တစ်ကျွန်းဒဏ်ဖြစ်စေ၊ငွေဒဏ်နှင့်တကွ သုံးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ထိုသူကို ချမှတ်ရမည်ဟု ပြဌာန်းထားကြောင်းသိရှိရပါတယ်။

 

Comment here