International News

ကိုဗစ်ဒုတိယလှိုင်း ဘယ်လောက်ကြောက်စရာ ကောင်းလဲဝင်သာကြည့်လိုက်တော့ဗျာ ကြိုတင်ကာကွယ်ကြပါ(ပုံကိုထိ၍ဖတ်ပါ)

ပြည်တွင်းကူးစက်မှု စနေပါပြီအသားကုန်မြန်ပါတယ် မထိမတွေ့ဘဲနဲ့ကိုကူးနေတာ ဂရုစိုက်ကြပါ

 

 

 

ပြည်တွင်းကူးစက်မှုစနေပါပြီအသားကုန်မြန်ပါတယ်…မထိမတွေ့ဘဲနဲ့ကိုကူးနေတာ…ဂရုစိုက်ကြပါအမျိုးတို့ရေခင်ဗျားမှာ Coronavirus ကူးစက်ခံရပြီး နေမကောင်းဖြစ်လာရင် ဖျားလာမယ်။ နောက် အပြင်းဖျားမယ်။ ဒါပြီးရင် ခင်ဗျား ဘဝမှာ မကြုံစဖူး အပြင်းထန်ဆုံးဖျားမယ်။ သာမန်တုပ်ကွေးဖျား နဲ့ လုံးဝမတူပါဘူး။ နှာခေါင်းဝမှာ ရေမြှပ်ဖတ်ကြီးတစ်နေသလို ခံစားရပြီး အသက်ကို ဖြေးဖြေးပဲ ရှုနိုင်ပါလိမ့်မယ်။ အဆုတ်ကို လေရောက်ဖို့ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ ရှုရင်းနဲ့ အမောဆို့ လာမယ်။ အလွန်ကြောက်လန့်လာမယ်။ နောက် ချောင်းဆိုးလာမယ်။ ပြင်းပြင်းထန်ထန် ချောင်းဆိုးလာမယ်။

ချောင်းဆိုးရလွန်းလို့ အားအင်ကုန်ခန်း ပင်ပန်းမှုက သတိလစ်သည် အထိဖြစ်သွားမယ်။ ချောင်းဆိုးတိုင်း ရင်ဘတ်လက် ကျော ခြေချောင်း လက်ချောင်းတွေ နာကျင်လာမယ်။ နှာခေါင်းကနေ အသက်မရှုနိုင်တော့တဲ့အခါ ဆရာဝန်တွေက ခင်ဗျားကို အောက်စီဂျင် ပေးလိမ့်မယ်။

 

 

အောက်ဆီဂျင်ပေးရင် ခင်ဗျားနှာခေါင်းဝတွေ အပူလောင်ပြီး ပိုမိုဆိုးရွားတဲ့ နာကျင်မှုကို ခံစားရမယ်။ အဲလိုနဲ့မှ မရရင် လက်မဝက်လောက်ရှိတဲ့ ပိုက် ၂ လုံးကို အဆုတ်ထဲ ရောက်အောင်ခင်ဗျား လည်ချောင်းကတဆင့် ထိုးထဲ့ပါလိမ့်မယ်။ အသက်ရှု အကူကိရိယာပါ။ခင်ဗျားဟာ ဒုက္ခဝေဒနာကို အကြီးအကျယ်ခံရပြီး စကားပြောမရ အစာစားမရ ဖြစ်လာပါပြီ။ ခင်ဗျားကို အလုံပိတ်အခန်းထဲမှာ တစ်ယောက်ထဲထားပါလမ့်မယ်။ ချစ်ခင်မြတ်နိုးရတဲ့ အဖေ အမေ ညီ အစ်ကို မောင်နှမ သားသမီး ဇနီးခင်ပွန်းတွေနဲ့ တွေ့ခွင့်မရှိပါဘူး။

 

ဘာကြောင့်လဲဆိုတော့ အခု ခင်ဗျား ခံစားနေရတဲ့ဆိုးရွားလှတဲ့ ရောဂါ သူတို့ကို ကူးစက်သွားမှာ စိုးလို့ပါ။ အခန်းထဲမှာ တစ်ယောက်ထဲ အထီးကျန် နေရာက ခင်ဗျား ငိုကြွေးနေရမယ်။ သေရမှာကို ကြောက်လာမယ်။ချစ်ခင်တွယ်တာသူတွေကို သတိရလာပြီး ပိုငိုချင်လာပါလိမ်မယ်။ အမောဆို့လာပြီဆိုရင် အခြေအနေက ပိုဆိုးလာဖို့ပဲရှိပါတော့တယ်။ကဲ အခုလောက်ပြောပြလိုက်တော့ အိမ်မှာပဲနေပါ။

အပြင်မထွက်ပါနဲ့ (STAY HOME) လို့ ဘာ့ကြောင့် ပြောနေသလဲဆိုတာ ခင်ဗျား သဘောပေါက်သွားပြီ။ခင်ဗျား နဲ့ ခင်ဗျားချစ်တဲ့ မိသားစု အတွက် ” အိမ်ထဲမှာပဲ နေပါ “။ကျေးဇူးပြု၍ အိမ်ထဲမှာပဲ နေကြပါ။

 

Comment here