Knowledge

စစ်တွေကပြည်သူများ ခဏစောင့်ဆိုင်းပါအုံး (တစ်နိုင်ငံလုံးစစ်ကူတွေလာနေပါပြီ)

စစ်တွေကပြည်သူများ ခဏစောင့်ဆိုင်းပါအုံး (တစ်နိုင်ငံလုံးစစ်ကူတွေလာနေပါပြီ)

 

 

စစ်တွေက ပြည်သူများ ခေတ္တ တောင့်ထားကြပါ တနိုင်ငံလုံးက စစ်ကူတွေ လာနေပါပြီဒီညမှာလဲ စစ်တွေမှာ လူနာသစ် ၁၀ ဦးထပ်တွေ့ပါတယ်။စေတနာ့ဝန်ထမ်း ဆရာဝန်တွေ၊ ရန်ကုန်က ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မနက်ဖြန်မှာ စစ်တွေကို သွားရောက်ပီး ကူညီကုသပေးကြတော့မှာ ဖြစ်ပါတယ်။

 

 

စစ်ဆေးဖို့ စက်တွေလဲ စစ်တွေကို ပေးပို့ထားပါတယ်။ မြန်မြန်နဲ့ မှန်မှန် စစ်နိုင်ကြမှာဖြစ်သလို ဆေးသုတေသနကလဲ ပိုးအမျိုးအစားကို ရှာဖွေနေပါတယ်။အားလုံး စည်းကမ်းတွေကို တိတိကျကျ လိုက်နာမှသာ ဒီရောဂါရဲ့ ဒုတိယလှိုင်းမှာ ရှင်သန်ကြပါလိမ့်မယ်။ ၁၉၁၈ တုန်းက စပိန်တုပ်ကွေးတုန်းကလဲ ပထမလှိုင်းပီးလို့ ၆လအကြာမှာ ထပ်ဖြစ်တဲ့ ဒုတိယလှိုင်းမှာ လူအများကြီး သေဆုံးကြရပါတယ်။

အထူးသတိထားကြပါ။ တပြည်လုံး မပေါ့ဆပဲ နေသင့်ပါတယ်။ စစ်တွေက လူတွေလဲ အားမလျှော့ပါနဲ့။ အကူအညီတွေ လာနေကြပါပီ။ အကောင်းဆုံးကြိုးစားပီး အနိုင်ယူကြပါမယ်။ Fighting (Nay Thway)

 

Comment here