News Coming

ဥေရာပနဲ႔ကန္ကို စိန္ေခၚလိုက္တဲ့ တ႐ုတ္ရဲ႕ အံ့မခန္းစစ္ဘက္ဆိုင္ရာ တိုးတက္မႈ (ဒီအတိုင္းဆို … အေမရိကန္+ဥေရာပႏိုင္ငံေတြေပါင္းတာေတာင္ … တ႐ုတ္ကို ႏိုင္ပါ့မလား)

ဥေရာပနဲ႔ကန္ကို စိန္ေခၚလိုက္တဲ့ တ႐ုတ္ရဲ႕ အံ့မခန္းစစ္ဘက္ဆိုင္ရာ တိုးတက္မႈ (ဒီအတိုင္းဆို … အေမရိကန္+ဥေရာပႏိုင္ငံေတြေပါင္းတာေတာင္ … တ႐ုတ္ကို ႏိုင္ပါ့မလား)

*ေအာက္တြင္ယူနီကုတ္ျဖင့္ေဖာ္ျပထားပါသည္

လြန္ခဲ့တဲ့ႏွစ္ေလာက္က ႐ုရွားဟာ တုိက္ခုိက္ေရးစက္႐ုပ္ေတြကုိ အေရွ႕အလယ္ပိုင္း စစ္ေျမျပင္ေတြမွာ စမ္းသပ္သုံးစြဲခဲ့ရာ ေအာင္ျမင္မႈရရွိခဲ့ပါတယ္။ တင့္ကားအငယ္စားေလးေတြကဲ့သုိ႔ တည္ေဆာက္ထားတဲ့ တုိက္ခုိက္ေရးစက္႐ုပ္ေတြမွာ ဖ်က္အားျပင္း လက္နက္ကိုလည္း တပ္ဆင္ထားသလုိ၊ အနီေအာက္ေရာင္ျခည္နဲ႔ ရန္သူကို ေျခရာခံတဲ့စနစ္လည္း ပါဝင္ပါတယ္။

ယင္းတုိက္ခုိက္ေရး စက္႐ုပ္ေတြဟာ သက္ရွိစစ္သားမ်ားကဲ့သုိ႔ သြားျခင္း၊ ရပ္တန္႔ျခင္း၊ ပစ္ခတ္ျခင္းေတြ ျပဳလုပ္ႏုိင္ေအာင္ အေဝးထိန္းခလုတ္နဲ႔ ေမာင္းႏွင္တာျဖစ္ၿပီး၊ အားသာခ်က္အေနနဲ႔ မိမိဘက္က သက္ရွိစစ္သားေတြ ထိခုိက္ေသေက်မႈကို ဟန္႔တားႏုိင္သလုိ၊ ရန္သူေတြရွိရာကို မေၾကာက္မရြံ႕ ကမူး႐ူးထုိး ခ်ီတက္ေခ်မႈန္းတဲ့ ဗ်ဴဟာအၾကမ္းကိုလည္း က်င့္သုံးလုိ႔ရတာပါ။

သိရသေလာက္ သတင္းေတြအရ အဲဒီစက္႐ုပ္ေတြမွာ တပ္ဆင္ထားတဲ့ AI စနစ္ဟာ ရန္သူေတြကို အသက္ရွိသူလား၊ အသက္မရွိေတာ့သူလားဆုိၿပီးေတာ့ေတာင္ ခြဲျခားႏုိင္တယ္လုိ႔ ဆုိပါတယ္။ အေရွ႕အလယ္ပုိင္းမွာေတာ့ ဒီတုိက္ခုိက္ေရးစက္ေတြ တြင္က်ယ္စြာ အသုံးျပဳလာခဲ့တဲ့အတြက္ တစ္ဖက္က ေဝဖန္သံေတြ ဆူညံ့ခဲ့သလုိ၊ အေနာက္ႏုိင္ငံေတြအဖုိ႔ ႐ုရွားရဲ႕အံမခန္းတုိးတက္မႈကို မ်က္ခုံးပင့္ၾကည့္ရတဲ့ အဆင့္ျဖစ္ခဲ့ပါတယ္။

အခုလည္း တ႐ုတ္ႏုိင္ငံဟာ ႐ုရွားကဲ့သုိ႔ ေျမျပင္တုိက္ခုိက္ေရးစက္႐ုပ္ေတြ တီထြင္တာမ်ိဳးမဟုတ္ဘဲ၊ တုိက္ခုိက္ေရး ဒ႐ုန္းယာဥ္ေတြကို ဖန္တီးခဲ့တာျဖစ္ပါတယ္။ က်ိဳင္းေကာင္ေတြကဲ့သုိ႔ အစုအဖြဲ႕လုိက္ အုပ္လိုက္ႀကီး ပ်ံသန္းတုိက္ခုိက္ဖုိ႔အထိ ေအာင္ျမင္စြာ ေလ့က်င့္ထားႏုိင္ၿပီလုိ႔ သိရပါတယ္။ အနာဂတ္စစ္ပြဲေတြမွာ လူသားစစ္သားေတြအစား ဒ႐ုန္းေတြ တအုပ္တမႀကီး လႊတ္ဖုိ႔ရွိေနတာပါ။

ဒ႐ုန္းေတြကုိ အဆင့္ျမင့္လက္နက္ေတြ တပ္ဆင္ထားၿပီး၊ ေရွ႕တန္းမွာေကာ၊ ကာကြယ္ေရးလုပ္ငန္းမ်ားမွာပါ လူသားစစ္သားေတြအစား ေစခုိင္းဖုိ႔ ရည္ရြယ္ေနတာပါ။ ဒီနည္းပညာကုိလည္း ေအာင္ျမင္ေအာင္ လုပ္ထားႏုိင္ၿပီမုိ႔ စစ္ဘက္ဆုိင္ရာနယ္ပယ္အတြင္းမွာေတာ့ ဒါဟာ စိန္ေခၚမႈအသစ္ ျဖစ္လာႏုိင္စရာ ရွိပါတယ္။

ဒီနည္းပညာကို Hiwing Aviation General Equipment Co Ltd ကေန စမ္းသပ္ခဲ့တာျဖစ္ၿပီး၊ အားသာခ်က္ေတြအေၾကာင္း ေရးထားတဲ့ေဆာင္းပါးကို ကနဦးက ေဖာ္ျပထားခဲ့ေပမယ့္ ေနာက္ေတာ့ အဲဒီေဆာင္းပါးကို ျပန္ဖ်က္သြားခဲ့ပါတယ္။ နည္းပညာေပါက္ၾကားမႈ ျဖစ္ႏုိင္လုိ႔လား၊ အာဏာပုိင္ေတြက တုိက္႐ုိက္မေၾကညာခင္ သတင္းေပါက္ၾကားသလုိ ျဖစ္ေစလုိ႔လား မေျပာတတ္ေပမယ့္ ေဆာင္းပါးကို ဖ်က္သြားတာပါ။

တုိက္ခိုက္ေရးဒ႐ုန္းေတြကိုေတာ့ အမည္ေဖာ္ျပထားျခင္း မရွိေပမယ့္ သက္ဆုိင္ရာက သက္မွတ္ထားတဲ့ တရားဝင္နာမည္ေတာ့ ရွိေနမွာပါ။ စက္တင္ဘာ(၈)ရက္က WeChat ေပၚမွာ ဒီအေၾကာင္းကို က်ယ္ျပန္႔စြာ ေဖာ္ျပခဲ့ေပမယ့္၊ ပုိ႔စ္ေတြဖ်က္သြားတာဟာ မသကၤာဖြယ္ရာပါဘဲ။ မွ်ေဝထားတဲ့ပုံေတြထဲမွာ ႐ုရွားကဲ့သုိ႔ တုိက္ခုိက္ေရးယာဥ္ငယ္ေလးေတြလည္း ပါဝင္ေနတာကို သတိထားမိေစပါတယ္။

ဒီစနစ္ကို ေမလကတည္းက တ႐ုတ္စစ္တပ္က ေအာင္ျမင္စြာ စမ္းသပ္ႏုိင္ခဲ့တာျဖစ္ၿပီး၊ Weihutang ၿမိဳ႕က အမည္မသိေနရာတစ္ခုမွာ တုိက္ခိုက္ေရးအသံေတြ ဆူညံေနခဲ့တယ္လုိ႔ ေဒသခံ CCT အစီအစဥ္တစ္ခုက ေဖာ္ျပခဲ့ပါတယ္။ ဒီဒ႐ုန္းေတြဟာ ထုတ္လုပ္ေရးစာရိတ္လည္း အလြန္သက္သာေၾကာင္း၊ က်ယ္ျပန္႔တဲ့ဧရိယာေတြကိုလည္း ကင္းလွည့္ႏုိင္မွာ ျဖစ္ၿပီး၊ ျဖဳတ္လြယ္တပ္လြယ္ျဖစ္ကာ အေရးႀကဳံပါက တုိက္ခုိက္ဖုိ႔ အသင့္လုိ႔ CCT က ေဖာ္ျပခဲ့တာပါ။

CRD-လင္းသုတ
CRD- DailyStar

ဥရောပနဲ့ကန်ကို စိန်ခေါ်လိုက်တဲ့ တရုတ်ရဲ့ အံ့မခန်းစစ်ဘက်ဆိုင်ရာ တိုးတက်မှု (ဒီအတိုင်းဆို … အမေရိကန်+ဥရောပနိုင်ငံတွေပေါင်းတာတောင် … တရုတ်ကို နိုင်ပါ့မလား)

*အောက်တွင်ယူနီကုတ်ဖြင့်ဖော်ပြထားပါသည်

လွန်ခဲ့တဲ့နှစ်လောက်က ရုရှားဟာ တိုက်ခိုက်ရေးစက်ရုပ်တွေကို အရှေ့အလယ်ပိုင်း စစ်မြေပြင်တွေမှာ စမ်းသပ်သုံးစွဲခဲ့ရာ အောင်မြင်မှုရရှိခဲ့ပါတယ်။ တင့်ကားအငယ်စားလေးတွေကဲ့သို့ တည်ဆောက်ထားတဲ့ တိုက်ခိုက်ရေးစက်ရုပ်တွေမှာ ဖျက်အားပြင်း လက်နက်ကိုလည်း တပ်ဆင်ထားသလို၊ အနီအောက်ရောင်ခြည်နဲ့ ရန်သူကို ခြေရာခံတဲ့စနစ်လည်း ပါဝင်ပါတယ်။

ယင်းတိုက်ခိုက်ရေး စက်ရုပ်တွေဟာ သက်ရှိစစ်သားများကဲ့သို့ သွားခြင်း၊ ရပ်တန့်ခြင်း၊ ပစ်ခတ်ခြင်းတွေ ပြုလုပ်နိုင်အောင် အဝေးထိန်းခလုတ်နဲ့ မောင်းနှင်တာဖြစ်ပြီး၊ အားသာချက်အနေနဲ့ မိမိဘက်က သက်ရှိစစ်သားတွေ ထိခိုက်သေကျေမှုကို ဟန့်တားနိုင်သလို၊ ရန်သူတွေရှိရာကို မကြောက်မရွံ့ ကမူးရူးထိုး ချီတက်ချေမှုန်းတဲ့ ဗျူဟာအကြမ်းကိုလည်း ကျင့်သုံးလို့ရတာပါ။

သိရသလောက် သတင်းတွေအရ အဲဒီစက်ရုပ်တွေမှာ တပ်ဆင်ထားတဲ့ AI စနစ်ဟာ ရန်သူတွေကို အသက်ရှိသူလား၊ အသက်မရှိတော့သူလားဆိုပြီးတော့တောင် ခွဲခြားနိုင်တယ်လို့ ဆိုပါတယ်။ အရှေ့အလယ်ပိုင်းမှာတော့ ဒီတိုက်ခိုက်ရေးစက်တွေ တွင်ကျယ်စွာ အသုံးပြုလာခဲ့တဲ့အတွက် တစ်ဖက်က ဝေဖန်သံတွေ ဆူညံ့ခဲ့သလို၊ အနောက်နိုင်ငံတွေအဖို့ ရုရှားရဲ့အံမခန်းတိုးတက်မှုကို မျက်ခုံးပင့်ကြည့်ရတဲ့ အဆင့်ဖြစ်ခဲ့ပါတယ်။

အခုလည်း တရုတ်နိုင်ငံဟာ ရုရှားကဲ့သို့ မြေပြင်တိုက်ခိုက်ရေးစက်ရုပ်တွေ တီထွင်တာမျိုးမဟုတ်ဘဲ၊ တိုက်ခိုက်ရေး ဒရုန်းယာဉ်တွေကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ကျိုင်းကောင်တွေကဲ့သို့ အစုအဖွဲ့လိုက် အုပ်လိုက်ကြီး ပျံသန်းတိုက်ခိုက်ဖို့အထိ အောင်မြင်စွာ လေ့ကျင့်ထားနိုင်ပြီလို့ သိရပါတယ်။ အနာဂတ်စစ်ပွဲတွေမှာ လူသားစစ်သားတွေအစား ဒရုန်းတွေ တအုပ်တမကြီး လွှတ်ဖို့ရှိနေတာပါ။

ဒရုန်းတွေကို အဆင့်မြင့်လက်နက်တွေ တပ်ဆင်ထားပြီး၊ ရှေ့တန်းမှာကော၊ ကာကွယ်ရေးလုပ်ငန်းများမှာပါ လူသားစစ်သားတွေအစား စေခိုင်းဖို့ ရည်ရွယ်နေတာပါ။ ဒီနည်းပညာကိုလည်း အောင်မြင်အောင် လုပ်ထားနိုင်ပြီမို့ စစ်ဘက်ဆိုင်ရာနယ်ပယ်အတွင်းမှာတော့ ဒါဟာ စိန်ခေါ်မှုအသစ် ဖြစ်လာနိုင်စရာ ရှိပါတယ်။

ဒီနည်းပညာကို Hiwing Aviation General Equipment Co Ltd ကနေ စမ်းသပ်ခဲ့တာဖြစ်ပြီး၊ အားသာချက်တွေအကြောင်း ရေးထားတဲ့ဆောင်းပါးကို ကနဦးက ဖော်ပြထားခဲ့ပေမယ့် နောက်တော့ အဲဒီဆောင်းပါးကို ပြန်ဖျက်သွားခဲ့ပါတယ်။ နည်းပညာပေါက်ကြားမှု ဖြစ်နိုင်လို့လား၊ အာဏာပိုင်တွေက တိုက်ရိုက်မကြေညာခင် သတင်းပေါက်ကြားသလို ဖြစ်စေလို့လား မပြောတတ်ပေမယ့် ဆောင်းပါးကို ဖျက်သွားတာပါ။

တိုက်ခိုက်ရေးဒရုန်းတွေကိုတော့ အမည်ဖော်ပြထားခြင်း မရှိပေမယ့် သက်ဆိုင်ရာက သက်မှတ်ထားတဲ့ တရားဝင်နာမည်တော့ ရှိနေမှာပါ။ စက်တင်ဘာ(၈)ရက်က WeChat ပေါ်မှာ ဒီအကြောင်းကို ကျယ်ပြန့်စွာ ဖော်ပြခဲ့ပေမယ့်၊ ပို့စ်တွေဖျက်သွားတာဟာ မသင်္ကာဖွယ်ရာပါဘဲ။ မျှဝေထားတဲ့ပုံတွေထဲမှာ ရုရှားကဲ့သို့ တိုက်ခိုက်ရေးယာဉ်ငယ်လေးတွေလည်း ပါဝင်နေတာကို သတိထားမိစေပါတယ်။

ဒီစနစ်ကို မေလကတည်းက တရုတ်စစ်တပ်က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တာဖြစ်ပြီး၊ Weihutang မြို့က အမည်မသိနေရာတစ်ခုမှာ တိုက်ခိုက်ရေးအသံတွေ ဆူညံနေခဲ့တယ်လို့ ဒေသခံ CCT အစီအစဉ်တစ်ခုက ဖော်ပြခဲ့ပါတယ်။ ဒီဒရုန်းတွေဟာ ထုတ်လုပ်ရေးစာရိတ်လည်း အလွန်သက်သာကြောင်း၊ ကျယ်ပြန့်တဲ့ဧရိယာတွေကိုလည်း ကင်းလှည့်နိုင်မှာ ဖြစ်ပြီး၊ ဖြုတ်လွယ်တပ်လွယ်ဖြစ်ကာ အရေးကြုံပါက တိုက်ခိုက်ဖို့ အသင့်လို့ CCT က ဖော်ပြခဲ့တာပါ။

CRD-လင်းသုတ
CRD- DailyStar

 

Comment here