News Coming

တရုတ်က ခေတ်မီဒုံးကျည်စနစ်သစ်များကို သယ်ဆောင်မည့်ယာဉ်အသစ်ကိုထုတ်ဖော်ပြသ (ရွေ့လျားတိုက်ချင်းပစ်ဒုံးများသယ်ဆောင်နိုင်သည့် ယာဉ်အသစ်တမျိုးအား နိုင်ငံပိုင် CCTV channel မှတဆင့် တရုတ်လှစ်ဟပြ)

တရုတ်က ခေတ်မီဒုံးကျည်စနစ်သစ်များကို သယ်ဆောင်မည့်ယာဉ်အသစ်ကိုထုတ်ဖော်ပြသ (ရွေ့လျားတိုက်ချင်းပစ်ဒုံးများသယ်ဆောင်နိုင်သည့် ယာဉ်အသစ်တမျိုးအား နိုင်ငံပိုင် CCTV cannel မှတဆင့် တရုတ်လှစ်ဟပြ)
*အောက်တွင်ယူနီကုတ်ဖြင့်ဖော်ပြထားပါသည်





MyanmarNews24
Unicode Version

#တရုတ်က ခေတ်မီဒုံးကျည်စနစ်သစ်များကို သယ်ဆောင်မည့်ယာဉ်အသစ်ကိုထုတ်ဖော်ပြသ

တရုတ်နိုင်ငံက Intercontinental ballistic ဒုံးကျည်အမျိုးအစားအသစ်များကို သယ်ဆောင်ရန် ဒီဇိုင်းထုတ်ထားသည့် မော်တော်ယာဉ်အမျိုးအစားအသစ်များကို ထုတ်ဖော်ပြသခဲ့ပါသည်။

အစိုးရပိုင် China Central Television (CCTV) မှတင်ထားသောဗွီဒီယိုတွင် Sanjiang Wanshan အထူးမော်တော်ယာဉ်ကုမ္ပဏီမှတီထွင်ထားသော HTF5700HEV 12 × 12 အထူးဘီးတပ်ဆင်ထားသော မော်တော်ယာဉ်များကို ထုတ်ဖော်ပြသခဲ့ခြင်းလည်းဖြစ်သည်။

ဓာတ်ဆီနှင့် လျှပ်စစ်အသုံးပြု သယ်ယူပို့ဆောင်ရေးယာဉ်များကို တရုတ်၏ အခဲလောင်စာသုံးရွေ့လျားတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စနစ် များအတွက် သယ်ဆောင်ရန် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုပုံစံသစ်သည် မူလတီထွင်ထားသည့် စနစ်များထက် အရွယ်အစားသေးငယ်မှုရှိသည်ဟုလည်းသိရှိရသည်။

MyanmarNews24

 

Comment here