News Coming

ထိုင်းရေတပ် ကုန်း/ရေ နှစ်ခုလုံးတွင်သွားနိုင်မည့် တင့်ကား ဝယ်ယူမည်ဟုဆိုတာ ( အဝေးပစ်အနီးပစ် ဒုံးကျည်တွေ တွေပါသလို ရထဲတွင် တစ်နာရီ ၂၈ ကီလိုမီတာ မောင်းနိုင်တယ်ဆိုတော့.. မြန်မာစစ်တပ်ကိုလည်း ထိုင်းနိုင်ငံလို့ ဝယ်စေချင်ပါပြီ..)

ထိုင်းရေတပ် ကုန်း/ရေ နှစ်ခုလုံးတွင်သွားနိုင်မည့် တင့်ကား ဝယ်ယူမည်ဟုဆိုတာ

*အောက်တွင် ယူနီကုတ်ဖြင့် ဖော်ပြထားပါသည်။











KoKo Lin Oo

ယူနီကုတ်

( အဝေးပစ်အနီးပစ် ဒုံးကျည်တွေ တွေပါသလို ရထဲတွင် တစ်နာရီ ၂၈ ကီလိုမီတာ မောင်းနိုင်တယ်ဆိုတော့.. မြန်မာစစ်တပ်ကိုလည်း ထိုင်းနိုင်ငံလို့ ဝယ်စေချင်ပါပြီ..)

ထိုင်းတော်ဝင်ရေတပ်၏ ကမ်းတက်တပ်ဖွဲ့တွင် အသုံးပြုရန် အပေါ့စားကုန်း/ရေနှစ်ထွေသွားတင့်ကားဖြစ်သော VN-16 105 mm amphibious light tank ကိုဝယ်ယူသွားမည် ဖြစ်သည်။

တရုတ်ရေတပ်၏ naval infantry units တွင် အသုံးပြုရန် NORINCO မှ ZTD-05 ကုန်း/ရေနှစ်ထွေ သွားတင့်ကားကို ထုတ်လုပ်ပေးပါခဲ့သည်။ ZTD-05 မှာ ZTS-63A ကုန်း/ရေနှစ်ထွေသွားအပေါ့စားတင့်ကားနှင့် တူညီမှုရှိသည်။ ZTD-05 ၏ export version မှာ VN-16 ဖြစ်သည်။

ထိုင်းကမ်းတက်ဖွဲ့များအတွက် ဝယ်ယူမည့် VN-16 များကို ထိုင်းရေတပ်မှ တရုတ်ထံမှ ဝယ်ယူထားသည့် ကမ်းတက် စစ်ဆင်ရေးသုံး စစ်ရေယာဉ်ကြီးဖြစ်သော Type-071E LPD(Landing Platform Dock)တွင် တင်ဆောင်သွား မည်ဖြစ်သည်။

VN-16 တွင် တည်ငြိမ်ထိန်းစနစ်အပြည့်ပါ သော ၁၀၅ မမ အမြောက်ဖြစ်သည့် fully-stabilized 105 mm rifled gun တပ်ဆင်ထားရှိသည်။ အဆိုပါအမြောက်မှ သံချပ်ကာဖောက်ကျည်ဖြစ်သည့်

armor-piercing fin- stabilized discarding sabot(APFSDS)၊ ပေါက်ကွဲ အားပြင်းကျည် high explosive(HE)နှင့် ပေါက်ကွဲအား ပြင်းတင့်ဖျက်ကျည် high-explosive anti-tank(HEAT) တို့ကို ထည့်သွင်းပစ်ခတ်မည်ဖြစ်သည်။

ထို့အပြင် ရုရှား၏ 9M117 Bastion နည်းပညာကို အခြေခံထုတ်လုပ်ထားသည့် တရုတ်ထုတ် ပဲ့ထိန်းတင့်ဖျက်ဒုံး(ATGM)များကိုပါထည့်သွင်းပစ်ခတ်မည်ဖြစ်သည်။ အဆိုပါ ATGM မှာ လေဆာလမ်းညွှန်စနစ်ကို အသုံးပြုထားသည်။

VN-16 ကုန်း/ရေနှစ်ထွေသွားအပေါ့စားတင့်ကားကို all-welded armor ဖြင့်တည်ဆောက်ပေးထားသောကြောင့် အလုံးစုံသောသံချပ်ကာမှာ ၇. ၆၂ မမ သံချပ်ကာဖောက်ကျည်၏ ပစ်ခတ်မှုကို ခံနိုင်ရည်ရှိသော်လည်း

တိုက်ယာဉ် ရှေ့ပိုင်းမှာ ၂၅ မမ သံချပ်ကာဖောက်ကျည်၏ ပစ်ခတ်မှုကို ပင်ခံနိုင်ရည်ရှိသည်။ VN-16 တွင် ရေထဲတွင် အရှိန်ဖြင့် မောင်းနှင်နိုင်ရန် အလွန်ကြီးမားသော water jets ၂ လုံး ကို တိုက်ယာဉ်နောက်ပိုင်းတွင် တပ်ဆင်ထားသောကြောင့်fully amphibious ဖြစ်ကာ ရေထဲတွင် တစ်နာရီ ၂၈ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်သည်။

VN-16 တွင် ခေတ်မီ စနစ်များတပ်ဆင်ထားမှုအနေဖြင့် ပစ်ခတ်မှုထိန်းချုပ်ရေး စနစ်အား computerized fire-control system၊ အကွာအဝေးတိုင်းတာမှုစနစ် laser range finder နှင့် ညမြင်ကွင်းအတွက် passive night vision၊

တည်နေရာပြ အတွက် GPS navigation ststem အပြင် ပုံရိပ်ဖော်မှု များအတွက် image-intensifier night vision and thermal imaging system တို့အား စုံလင်စွာတပ်ဆင် ထားရှိသည့် ခေတ်မီတိုက်ယာဉ်ဖြစ်သည်။

 

Comment here