Knowledge

အောင်မြင်သွားပီဖြစ်တဲ့ အမေရိကန် ကိုဗစ်ကာကွယ်ဆေးများ

အောင်မြင်ခဲ့ပြီဖြစ်တဲ့ အမေရိကန် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှု ခရီးလမ်းကြောင်း

 

 

ကိုဗစ်ကာကွယ်ဆေးကို စနစ်တကျထုတ်လုပ်ဖို့ ဘယ်လိုပါတနာတွေနဲ့လက်တွဲပြီး အချိန်ယူပြင်ဆင်ခဲ့သလဲ သိကြဖို့ပါ။မတ်လ ၁၇ – အမေရိကန်ကုမ္ပဏီ Pfizer (ဖိုင်ဇာ) ဟာ ဂျာမန်ကုမ္ပဏီ BioNTech နဲ့ ပါတနာလုပ်ပြီး ကာကွယ်ဆေးကိုတီထွင်ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။

ဧပြီ ၂၉ – ဖြစ်နိုင်ခြေရှိတဲ့ ကိုဗစ်ကာကွယ်ဆေး (၄) မျိုးကို ဂျာမနီမှာစတင်စမ်းသပ်ပါတယ်။

မေ ၅ – အမေရိကန်ပြည်ထောင်စုမှာစတင်စမ်းသပ်ပါတယ်။ အမေရိကန်က စမ်းသပ်မယ့် (၆) နိုင်ငံထဲမှာပါပါတယ်။

ဇူလိုင် ၁ – ကနဦးစမ်းသပ်မှုဒေတာတွေအရ စတင်စမ်းသပ်တဲ့ ကာကွယ်ဆေး (၄) မျိုးမှာ တစ်မျိုးက လူရဲ့ကိုယ်ခံအားစနစ်ကိုကောင်းကောင်းလှုံ့ဆော်နိုင်တာကို တွေ့ရပါတယ်။

ဇူလိုင် ၂၂ – အမေရိကန်အစိုးရက ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၁၀၀ ကို ဒေါ်လာ သန်း ၁၉၅၀ နဲ့ဝယ်ယူဖို့ သဘောတူညီခဲ့ပါတယ်။

 

 

သဘောကတော့ တစ်လုံးကို $19.50 (မြန်မာငွေနှစ်သောင်းခွဲလောက်) ကျတယ်ပေါ့။ အပိုအလုံးရေ သန်း ၅၀၀ ထပ်ဝယ်နိုင်ဖို့ပါထည့်စာချုပ်ချုပ်ထားတာပါ။

တခြားနိုင်ငံတွေကလည်း Pfizer ရဲ့ကာကွယ်ဆေးကို ကြိုတင်ဝယ်ယူခဲ့ကြပါတယ်။

ဇူလိုင် ၂၇ – နောက်ဆုံး phase 3 စမ်းသပ်မှုကို လူ ၃၀၀၀၀ မှာ စတင်ပါတယ်။

ဩဂတ်စ် – ၂၀ မှာ Phase 3 အစောပိုင်းဒေတာတွေအရ ကာကွယ်ဆေးဟာအခြေအနေကောင်းကြောင်း ကြေညာပါတယ်။

စက်တင်ဘာ ၈ – အမေရိကန်သမ္မတ Trump ရဲ့ ရွေးကောက်ပွဲမတိုင်ခင်ကာကွယ်ဆေးရမယ်ဆိုတဲ့စကားနဲ့အတူ နိုင်ငံရေးဖိအားပေးမှုတွေခံရနိုင်တဲ့အတွက် Pfizer, BioNTech, Moderna စတဲ့ CEO ရှစ်ယောက်ဟာ ကာကွယ်ဆေးကိုအလျှင်စလိုမထုတ်ပဲသေသေချာချာသိပ္ပံနည်းကျထုတ်လုပ်ဖို့ သမိုင်းဝင်သဘောတူညီမှုလုပ်ခဲ့ကြပါတယ်။

စက်တင်ဘာ ၁၂ – ကာကွယ်ဆေးစမ်းသပ်မှုကို လူ ၄၄၀၀၀ မှာအထိတိုးပြီးစမ်းသပ်ဖို့နဲ့ စမ်းသပ်သူတွေထဲမှာ နှလုံးသွေးတိုး၊ ဆီချို စတဲ့ နာတာရှည်ရောဂါသည်တွေပါဖို့နဲ့လူငယ်တွေပါဖို့ အစိုးရကိုပန်ကြားခဲ့ပါတယ်။ အစိုးရကလည်းခွင့်ပြုခဲ့ပါတယ်။

 

 

နိုဝင်ဘာလမကုန်ခင် – Pfizer က ကာကွယ်ဆေးထိရောက်မှုဒေတာတွေ၊ အန္တရာယ်ကင်းရှင်းမှုဒေတာတွေပိုမိုရရှိကာ ထုတ်လုပ်ရေးကွာလတီနဲ့ပတ်သက်ပြီးဒေတာတွေနဲ့အတူ အမေရိကန် FDA ကို တင်ပါလိမ့်မယ်။

ဒီဇင်ဘာလအကုန်မှာ Pfizer က ပထမဆုံးဆေးအလုံးရေ သန်း ၅၀ ကိုစတင်ဖြန့်ချီပါလိမ့်မယ်။ဒါကတော့အခုထိသိရသမျှပါ။ နောက်ထပ်အလုံးရေဘယ်လောက်ထပ်ရမလဲသိရရင် တင်ပေးပါ့မယ်။

 

Comment here