Local News

ရည်းစားကို စိတ်တိုလို့ ဆောင့်ကန်ပီး ဓားနဲ့ထိုးသတ်

သမီးရည်းစားချင်း စကားများရာမှ ဓါးဖြင့်ထိုး လူသတ်မှုဖြစ်ပွား

 


နေပြည်တော်၊ နိုဝင်ဘာ ၁၂
၁။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁၃၀၀ အချိန်ခန့်တွင် မြစ်ကြီးနားမြို့၊ ရွှေအိုက်ရပ် ကွက်၊ နန်းကွေ့ချောင်းဘေးတွင် အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ အသက် (၂၅) နှစ်အရွယ်ခန့် အမည် / နေရပ်လိပ်စာမသိ အမျိုးသမီး တစ်ဦး သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရေး မြစ်ကြီးနားနယ်မြေရဲစခန်းတွင် သေမှုသေခင်းရေး ဖွင့် ဆောင်ရွက်ခဲ့ပါသည်။

 


၂။ ထို့နောက်သေဆုံးသူအလောင်းအား မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးမှ မှုခင်းဆရာဝန်ကြီးနှင့် အတူ ရင်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့ရာ ဝမ်းဗိုက်အလယ်၌ ချွန်ထက်သောအရာဖြင့် ၁ စင်တီမီတာခန့် ထိုးသွင်းဒဏ် ရာ ၂ ချက်တွေ့ရှိ ပြင်ပသို့သွေးယိုထွက်ခြင်းမရှိ အစာအိမ်သွေးကြောမကြီးအား ထိုးသွင်းမိ၍ ဝမ်း ဗိုက်အတွင်း သွေးယိုစီး သေဆုံးခြင်း ဖြစ်ကြောင်းတွေ့ရှိရပါသည်။ သေဆုံးသူအား စုံစမ်းခဲ့ရာတွင် ယခင် – အမှတ်(၂၈)၊ ရွှေညောင်ပင်ရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူ မ******** (၂၆)နှစ် ဖြစ်ကြောင်းသိရှိရသဖြင့် သေမှုသေခင်းအား ရာဇသတ်ကြီးပုဒ် မ ၃၀၂ သို့ပြောင်းလဲရေးဖွင့်ခဲ့ပါသည်။
၃။ အမှုမှ တရားခံအမြန်ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များမှ အခင်းဖြစ်ရပ် သဲလွန်စများ ရှာဖွေခြင်းနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းများ ဆောင်ရွက်ပြီးနောက် မသင်္ကာသူမှာ သေဆုံးသူ၏ ရည်းစားဖြစ်သူ အောင်နော် ဆိုသူအား သိရှိရပြီး နေရပ်လိပ်စာအား အတိအကျ မသိရှိရသဖြင့် ဆက်လက် စုံစမ်းရှာဖွေခဲ့ကြပါသည်။ ထို့နောက် စုံ စမ်း သိရှိရလာသည့်လိပ်စာ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်သို့ နိုဝင်ဘာ ၁၁ ရက်နေ့ ၁၅၂၀ အချိန်ခန့်တွင် သက်သေများနှင့်အတူ သွားရောက် ရှာဖွေရာ အောင်နော် အား ၎င်းနေအိမ်တွင်တွေ့ရှိရသဖြင့် စစ် ဆေးမေးမြန်းခဲ့ရာ အောင်နော်မှ ရည်းစားဖြစ်သူ (သေဆုံးသူ)နှင့် နိုဝင်ဘာ ၇ ရက် နေ့လည် ၁၃၃၀ အ ချိန်ခန့် နန်းကွေ့ချောင်းဘေး အခင်းဖြစ်နေရာတွင် ချိန်းတွေ့စကားပြောရာမှ စကားများရန်ဖြစ်ပြီး ခြေ ထောက်ဖြင့်ကန်လိုက်ရာ ပက်လက်လန် လဲကျသွားစဥ်ပါလာသောဓါးမြှောင်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါသည်။
၄။ ထို့နောက် သက်သေခံပစ္စည်းများ ဖြစ်သော ဓါးမြှောင်၊ သေဆုံးသူ၏ ဖုန်းနှင့် အားသွင်းကြိုး၊အဝတ်သေတ္တာအိတ် ၁ လုံးတို့အား အပ်ပေးသဖြင့် တရားခံ ဆွတ်အောင်နော် (ခ) အောင်နော်၊ (၂၆)နှစ် အား နိုဝင်ဘာ ၁၁ ရက်နေ့ ညနေ ၁၆၂၀ အချိန် အမှုဖြင့် ဖမ်းဆီးကာ အမြန် တရားစွဲတင်ပို့သွားပြီး ထိရောက်ပြစ်ဒဏ် ရရှိအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

 

Comment here