News Coming

႐ုရွားနာမည္ႀကီးလက္နက္စနစ္မ်ားကို ဖ်က္ဆီးႏိုင္ရန္ အေမရိကန္တို႔စစ္ေရးေလ့က်င့္ ( အင္အးႀကီးနုိင္ငံ ၂ခုရဲ့ေက်ာင္းေတာ္က ရန္မီး အခုထိမျငိမ္းႀကေသးဘူး….)

႐ုရွားနာမည္ႀကီးလက္နက္စနစ္မ်ားကို ဖ်က္ဆီးႏိုင္ရန္ အေမရိကန္တို႔စစ္ေရးေလ့က်င့္ ( အင္အးႀကီးနုိင္ငံ ၂ခုရဲ့ေက်ာင္းေတာ္က ရန္မီး အခုထိမျငိမ္းႀကေသးဘူး….)

*အောက်တွင် ယူနီကုတ်ဖြင့် ဖော်ပြထားပါသည်။

ဖေလာ္ရီဒါအေရွ႕ေတာင္ပိုင္းတြင္ Emerald ေလ့က်င့္ေရးေခါင္းစဥ္ေအာက္တြင္အေမရိကန္တပ္မေတာ္အေနျဖင့္ ႐ုရွားတို႔၏ စစ္လက္နက္မ်ားကို ဖ်က္ဆီးႏိုင္ရန္ စစ္ေရးေလ့က်င့္မႈမ်ားကိုျပဳလုပ္ခဲ့ေၾကာင္း Defense Blog က အစီရင္ခံေဖာ္ျပခဲ့သည္။

အဆိုပါဖ်က္ဆီးမႈတြင္ အက္စ္-၄၀၀ ႏွင့္ ဆူ-၃၄ တိုက္ေလယာဥ္မ်ားအျပင္ ေရငုပ္သေဘၤာမ်ားလည္းပါဝင္ခဲ့ၿပီး ၎တို႔ကို ပစ္မွတ္အျဖစ္ တုပေလ့က်င့္ခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။

အေမရိကန္တပ္ဖြဲ႕အေနျဖင့္ ေလ့က်င့္ခန္းအတြင္း ႐ုရွားတို႔၏ တီ-၇၂ တင့္ကားကို ပုံစံတူတည္ေဆာက္ထားသည့္ တင့္ကားမ်ားကို အသုံးျပဳခဲ့သလို လက္နက္စနစ္မ်ား၊ ကြန္ပ်ဴတာနည္းပညာႏွင့္ ၿဂိဳဟ္တုစနစ္မ်ားကိုလည္း ေလ့က်င့္စဥ္ အတြင္းအသုံးျပဳခဲ့သည္ဟုေဖာ္ျပထားသည္။

႐ုရွာစစ္ဘက္ကြၽမ္းက်င္သူျဖစ္သည့္ Konstantin Sivkov က လက္ေတြ႕နဲ႔ တုပေလ့က်င့္တာက ကြာပါတယ္၊ သူတို႔ေလ့က်င့္တဲ့စနစ္ေတြက ႐ုရွားသာမက ကမာၻမွာအေကာင္းဆုံးဆိုတဲ့စနစ္ေတြပါ ဒီလိုအလြယ္တကူေတာ့ ဖ်က္ဆီးလို႔ ဘယ္ရပါ့မလဲ ဟူ၍လည္း ေျပာၾကားခဲ့သည္။

ေလ့က်င့္ခန္းမ်ားအတြင္း ႐ုရွားသုံး စစ္ဘက္ကိရိယာမ်ားကို အသုံးျပဳျခင္းသည္ယူအက္စ္သည္ ႐ုရွားကိုတိုက္ခိုက္ရန္ ျပင္ဆင္ေနေၾကာင္း သက္ေသသာဓကအျဖစ္ရႈျမင္ခဲ့ၾကသည္ဟုေဖာ္ျပထားၾကပါသည္။

Ref-AMN
CRD_MyanmarNews24

ယူနီကုတ္

ရုရှားနာမည်ကြီးလက်နက်စနစ်များကို ဖျက်ဆီးနိုင်ရန် အမေရိကန်တို့စစ်ရေးလေ့ကျင့် ( အင်အးကြီးနိုင်ငံ ၂ခုရဲ့ကျောင်းတော်က ရန်မီး အခုထိမငြိမ်းကြသေးဘူး….)

ဖလော်ရီဒါအရှေ့တောင်ပိုင်းတွင် Emerald လေ့ကျင့်ရေးခေါင်းစဉ်အောက်တွင်အမေရိကန်တပ်မတော်အနေဖြင့် ရုရှားတို့၏ စစ်လက်နက်များကို ဖျက်ဆီးနိုင်ရန် စစ်ရေးလေ့ကျင့်မှုများကိုပြုလုပ်ခဲ့ကြောင်း Defense Blog က အစီရင်ခံဖော်ပြခဲ့သည်။

အဆိုပါဖျက်ဆီးမှုတွင် အက်စ်-၄၀၀ နှင့် ဆူ-၃၄ တိုက်လေယာဉ်များအပြင် ရေငုပ်သင်္ဘောများလည်းပါဝင်ခဲ့ပြီး ၎င်းတို့ကို ပစ်မှတ်အဖြစ် တုပလေ့ကျင့်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အမေရိကန်တပ်ဖွဲ့အနေဖြင့် လေ့ကျင့်ခန်းအတွင်း ရုရှားတို့၏ တီ-၇၂ တင့်ကားကို ပုံစံတူတည်ဆောက်ထားသည့် တင့်ကားများကို အသုံးပြုခဲ့သလို လက်နက်စနစ်များ၊ ကွန်ပျူတာနည်းပညာနှင့် ဂြိုဟ်တုစနစ်များကိုလည်း လေ့ကျင့်စဉ် အတွင်းအသုံးပြုခဲ့သည်ဟုဖော်ပြထားသည်။

ရုရှာစစ်ဘက်ကျွမ်းကျင်သူဖြစ်သည့် Konstantin Sivkov က လက်တွေ့နဲ့ တုပလေ့ကျင့်တာက ကွာပါတယ်၊ သူတို့လေ့ကျင့်တဲ့စနစ်တွေက ရုရှားသာမက ကမ္ဘာမှာအကောင်းဆုံးဆိုတဲ့စနစ်တွေပါ ဒီလိုအလွယ်တကူတော့ ဖျက်ဆီးလို့ ဘယ်ရပါ့မလဲ ဟူ၍လည်း ပြောကြားခဲ့သည်။

လေ့ကျင့်ခန်းများအတွင်း ရုရှားသုံး စစ်ဘက်ကိရိယာများကို အသုံးပြုခြင်းသည်ယူအက်စ်သည် ရုရှားကိုတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သက်သေသာဓကအဖြစ်ရှုမြင်ခဲ့ကြသည်ဟုဖော်ပြထားကြပါသည်။

Ref-AMN
CRD_MyanmarNews24

 

Comment here