နောင်လာမယ့် နျူကလီးယားစစ်ပွဲအတွက် လေ့ကျင့်နေတာလား မစ္စတာ ပူတင်….
ပူတင်က နျူကလီးယားစစ်ပွဲအတွက် လေ့ကျင့်နေတာလား
ရုရှားတပ်မတော်အနေဖြင့် ရုရှားရေငုပ်သင်္ဘောများ၊ မြေအောက်ဒုံးကျည်သိုလှောင်စနစ်များနှင့်လေယာဉ်များမှ ဒုံးကျည်များကို ဗလာဒီမာပူတင်အမိန့်ဖြင့် မဟာဗျူဟာမြောက်လေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့သည်ဟုသိရှိရသည်။
ရုရှားအနေဖြင့် နျူကလီးယားသယ်ဆောင်နိုင်သော ဒုံးကျည်စနစ်များကို တပ်ဖြန့်သည့် ဗီဒီယိုအားမျှဝေမှုပြုလုပ်ခဲ့ပြီး
၎င်းဗီဒီယို၌ Barents Sea အတွင်းရှိ Karelia ရေငုပ်သင်္ဘောမှ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စနစ် ပစ်လွှတ်စမ်းသပ်မှုလည်း ပါဝင်ခဲ့သည်။
ရုရှားနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်း၏ ခရိုင်းမီးယန်းပင်နီဆူလာ ကျူးကျော်မှုပြုခဲ့ပြီးနောက် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးဆိုးရွားစွာဖြစ်
လာခဲ့ရသည်။
ထိုဖြစ်တည်လာမှုများကြောင့်လည်း ပြီးခဲ့သည့်နှစ်၌ စတင်ကာ စစ်ဘက်လေ့ကျင့်မှုများကို တိုးချဲ့ဆောင်ရွက်လာခဲ့ခြင်းလည်းဖြစ်သည်။
စစ်ဘက်သတင်းဌာနဖြစ်သည့် TV Zevzda က Arkhangelsk ဒေသ၌ နိုင်ငံတကာတိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်မှုကို ပြုလုပ်ခဲ့ခြင်းအပေါ် ထုတ်ဖော်ပြသခဲ့သည်။

ခရုဇ်ဒုံးကျည်အနေဖြင့် Komi Republic ရှိ Pemboy လေ့ကျင့်ရေးကွင်း၌ ပစ်မှတ်ကို ထိမှန်ခဲ့သည်ဟုလည်းဆိုသည်။ အဆိုပါလေ့ကျင့်မှုများကို
ပူတင်၏ ညွှန်ကြားမှုဖြင့် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
မဟာဗျူဟာမြောက်တိုက်စစ်ဆိုင်ရာတပ်ဖွဲ့များကို စီမံခန့်ခွဲရန် လေ့ကျင့်မှုအား ကာကွယ်ရေးဦးစီးချုပ်၏ အထူးကြီးကြပ်ကွပ်ကဲခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
လက်ရှိအချိန်တွင် ရုရှားနှင့်အမေရိကန်တို့အကြား လက်နက်ထိန်းချုပ်ရေးစာချုပ်ကို ထပ်မံချုပ်ဆိုနိုင်ရန် ဆောင်ရွက်နေသော်လည်း သဘောတူညီချက်သက်တမ်းတိုးရန်ဆွေးနွေးခဲ့သော်လည်းကွဲပြားမှုများကျန်ရှိနေသည်။
New START စာချုပ်ကို ၂၀၁၀ ပြည့်နှစ်က အမေရိကန်သမ္မတ အိုဘားမားနှင့် ရုရှားသမ္မတဟောင်း Dmitry Medvedev တို့အကြား စတင်လက်မှတ်ရေးထိုးခဲ့ခြင်းလည်းဖြစ်သည်။
စာချုပ်ပါအချက်များအရ နှစ်နိုင်ငံစလုံးအနေဖြင့် နျူကလီးယားထိပ်ဖူးပေါင်း ၁၅၅၀ ထက်ကျော်လွန်ပြီး ထုတ်လုပ်ထားခြင်းမရှိရန်နှင့် ဒုံးကျည်နှင့် ဗုံးကြဲ လေယာဉ်စနစ်ပေါင်း ၇၀၀ ထက်ကျော်လွန်ကာ တပ်ဖြန့်ခြင်းမပြုရန် သဘောတူထားကြသည်။
မော်စကိုနှင့် ဝါရှင်တန်တို့သည် 1987 Intermediate-Range Nuclear Forces Treaty မှ ပြီးခဲ့သောနှစ်က နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား
New START စာချုပ်သည်သာ နျူကလီးယားလက်နက်ထိန်းချုပ်သည့်စာ ချုပ်အဖြစ်ကျန်ရှိနေခြင်းသာဖြစ်သည်။
Ref-DM
CRD_MyanmarNews24
Comment here