News Coming

မန်မာ့တပ်မတော်(ရေ)၏အကြီးဆုံးသော စစ်ရေယာဉ်ကြီးဖြစ်သည့် မုတ္တမစစ်ရေယာဉ်ကြီးအကြောင်းတစ်‌စေ့တစ်စောင်း

မန်မာ့တပ်မတော်(ရေ)၏အကြီးဆုံးသော စစ်ရေယာဉ်ကြီးဖြစ်သည့် မုတ္တမစစ်ရေယာဉ်ကြီးအကြောင်းတစ်‌စေ့တစ်စောင်း။

(1) ဖြစ်ပေါ်လာပုံ

ထိုမုတ္တမစစ်ရေယာဉ်ကြီးသည် တောင်ကိုးရီးယား🇰🇷သ‌င်္ဘောတည်ဆောက်ရေးကုမ္ပဏီဖြစ်သည့် DaeSun Shipbuildingမှတည်ဆောက်ထားတာဖြစ်ပြီး Makassar အတန်းစားစစ်ရေယာဉ်များအနက်နောက်ဆုံးထွက်‌စစ်ရေယာဉ်ကြီးဖြစ်ပါတယ်။

ထို Makassar အတန်းစားစစ်ရေယာဉ်တွေကို Indonesia 🇮🇩ရေတပ်အတွက်သီးသန့်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သော်လည်း အခြားပြည်ပနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင် 🇵🇭၊ မြန်မာ🇲🇲 နှင့် ပီရူး🇵🇪 စသည့်နိုင်ငံတို့ကပါဝယ်ယူခဲ့ကြ၍ လက်ဝယ်ပိုင်ဆိုင်လာခဲ့ကြပါတယ်။

ထိုအတန်းစားစစ် ရေယာဉ်များအနက် အချို့သောစစ်ရေယာဉ်များမှာ ဒီဇိုင်းပိုင်းအရနှင့် တန်ဖိုးစသည်တို့တွင်ကွာခြား‌ကြပါတယ်။ ယခုအချိန်ထိ ထိုအတန်းစား စစ်ရေယာဉ် 10 စီးတည်ဆောက်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

(2) အသုံးပြုနိုင်ပုံ

ထို Makassarအတန်းစားစစ်ရေယာဉ်ကြီးများသည် LPD(Landing Platform Dock) တွေဖြစ်ကြပြီး ကမ်းတက်စစ်‌ဆင်ရေးတွင်အဓိကထားအသုံးပြု‌ရသောစစ်ရေယာဉ်ကြီးတွေဖြစ်ပါတယ်။ မြန့်မာ🇲🇲ရေတပ်တွင်မူ အမိန့်ပေးကွပ်ကဲသည့်စစ်ရေယာဉ်ကြီးအနေဖြင့် အသုံးပြုနေပါတယ်။ သို

့သော် စစ်ဆင်ရေးတာဝန်အတွက်ပါသာမက သဘာဝဘေးအန္တရာယ်ကာကွယ်ရေး နှင့် ကူညီကယ်ဆယ်ရေးစသည့် လူသားချင်းစာနာထောက်ထားမှုတာဝန်တွေပါထမ်းဆောင်နိုင်ကြပါတယ်။

မန်မာ့‌🇲🇲ရေတပ်မှ ထိုစစ်ရေယာဉ်ကြီးကို 2018 တွင်ကြိုတင်မှာယူခဲ့ပြီး 7.2019 တွင် ရေချခဲ့ပါတယ်။ 24.12.2019တွင် (မြန်မာ့ရေတပ်၏ (72)နှစ်မြောက်အခမ်းအနား) မြန်မာ့🇲🇲ရေတပ်၌စတင်တပ်တော်ဝင်ခဲ့ပါတယ်။

ကဲဒါဆိုရင် မြန်မာ့🇲🇲ရေတပ်ကပိုင်ဆိုင်ထားသော မုတ္တမစစ်ရေယာဉ်ကြီး၏အရွယ်အစားကိုအရင်ပြောပါရစေ။

(3) အရွယ်အစား နှင့် အလေးချိန်

ထိုစစ်ရေယာဉ်ကြီးသည်

အလျား – 125 မီတာ

အနံ – 22 မီတာ

အမြင့် – 56 မီတာ နှင့်

ရေစူး – 5 မီတာ ရှိပါတယ်။

ထိုစစ်ရေယာဉ်ကြီးသည် အနည်းဆုံး တန်ချိန် 8000ခန့်ရှိပြီး အများဆုံးတန်ချိန် 12500 ခန့်ရှိပါတယ်။

(4) အင်ဂျင် နှင့် မောင်းနှင်နိုင်စွမ်း

ထိုစစ်ရေယာဉ်ကြီးသည် MAN LE301 diesel generator 1 လုံးမှစွမ်းအင်ထုတ်ပေးပြီး MAN B&W 8L28/32A diesel engine 2 လုံးဖြင့် တစ်နာရီကိုအမြန်ဆုံး 30 km နှုန်းဖြင့်ခုတ်မောင်းနိုင်ပြီး 17330 km အထိသွားနိုင်ပါတယ်။ ထိုမုတ္တမစစ်ရေယာဉ်ကြီးသည် ပင်လယ်ပြင်တွင် အများဆုံး 45 ရက်ကြာတာဝန်ထမ်းဆောင်နိုင်ပါတယ်။

(5) ရေဒါစနစ်များ

ထိုစစ်ရေယာဉ်ကြီးတွင် ရေကြောင်းပြရေဒါစနစ်များ၊ ကွပ်ကွဲညွန်ကြားရေးစနစ်များ ၊ရန်သူထောက်လှမ်းရှာဖွေရေးစနစ်တွေတပ်ဆင်ထားပါတယ်။ အကယ်၍လက်နက်တွေတပ်ဆင်ထားပါက firing control radarတွေပါတပ်‌ဆင်ရမှာဖြစ်ပါတယ်။

(6) တင်ဆောင်နိုင်သောအရာများ

ထိုမုတ္တမစစ်ရေယာဉ်ကြီးတွင် တင့်ကားများနှင့် သံချပ်ကာများထားရှိရာနေရာသည် 6.7 မီတာ မြင့်ပြီး ထရပ်ကာများထားရှိရာအထပ်သည် 11.3မီတာမြင့်ပါတယ်။

စုစုပေါင်းထရန့်ကား 22 စီး ဒါမှမဟုတ် ကမ်းတက်တင့်ကား နှင့် သံချပ်ကာတိုက်ယာဉ် 25 စီးသယ်ဆောင်နိုင်ပြီး အကယ်၍လိုအပ်လာပါက နောက်ထပ်အပို ထရန့်ကား 10 စီး သို့မဟုတ် ကမ်းတက်တင့်နှင့်သံချပ်ကာတိုက်ယာဉ်တွေထပ်ပြီးတင်ဆောင်နိုင်ပါတယ်။

ခြေလျင်စစ်သည် 503 ယောက်တင်ဆောင်နိုင်ပြီး ထိုမုတ္တမစစ်‌ရေယာဉ်ကြီးတွင် စစ်ရေယာဉ်အမှုထမ်း 103 ဦးလိုက်ပါရပါတယ်။

ထိုစစ်ရေယာဉ်ကြီး၏ ရဟတ်ယာဉ်ဆင်းကွင်းသည် ယပြင်သစ်🇫🇷ထုတ်AS265 Eurocopter (2) စီး သို့မဟုတ်
ရုရှား🇷🇺ထုတ် Mi-17 ရဟတ်ယာဉ် (2) စီး ဆင်းသက်နိုင်ပြီး ထိုမုတ္တမစစ်ရေယာဉ်ကြီးတွင် ပါရှိသော ရဟတ်ယာဉ်သိုလှောင်ရုံသည် Mi-17🇷🇺 ရဟတ်ယာဉ် (1) စီး နှင့် AS365 Eurocopter 🇫🇷 (2)စီး တင်ဆောင်နိုင်ပါတယ်။

ထို့အပြင် ထိုစစ်ရေယာဉ်ကြီးတွင် ကမ်းထိုးစစ်ရေယာဉ် စစ်သည်များ၊ ထရန့်ကားများ၊ သံချပ်ကာတိုက်ယာဉ်များနှင့် တင့်ကားများတင်ဆောင်နိုင်သည့် ကမ်းထိုးစစ်ရေယာဉ် 2 စီး နှင့် motor Boat 4 စီးတင်ဆောင်နိုင်ပါတယ်။

(7) တပ်ဆင်နိုင်သောကာကွယ်ရေးစနစ်များ

ထိုစစ်ရေယာဉ်ကြီးသည် ထောက်ပံ့ရေးစစ်ရေယာဉ်ကြီးဖြစ်သော်လည်း ကိုယ်ပိုင်ကာကွယ်ရေးစနစ်များအဖြစ်

1. တစ်မိနစ်လျှင် ကျည်အတောင့်ရေ 120 နှုန်းဖြင့် 14 km အထိပစ်နိုင်သည့် Italy 🇮🇹ထုတ် 76mm Oto Melara ရေတပ်သုံးစက်အမြှောက်ကြီး (1)လက်

2. တစ်မိနစ်လျှင် 40mm ကျည်အတောင့်ရေ 450တောင့်နှုန်းဖြင့် 4000m အထိ ထိရောက်စွာပစ်ခတ်နိုင်သည့် Italy🇮🇹ထုတ် Oto Melara 40mm DARDO Navy gun (2)လက်

3. တစ်မိနစ်လျှင် ကျည်အတောင့်ရေ 330 နှုန်းဖြင့် 12.5 km အထိပစ်နိုင်သည့် Sweden 🇸🇪ထုတ် 40mm Bofors ရေတပ်သုံးအမြှောက်များ

4. တစ်မိနစ်လျှင် ကျည်အတောင့်ရေ 1000 နှုန်းဖြင့် 6.8km အထိပစ်နိုင်သော Switzerland🇨🇭နှင့် အီတလီ🇮🇹ထုတ် 20mm Oerlikon စက်သေနတ်များ

5. 1စက္ကန့်ကို 800မီတာနှုန်းဖြင့် 6km အထိရောက်နိုင်သာ့် ပြင်သစ်🇫🇷ထုတ် ပြောင်း 2ပြောင်းပါ Mistral လေကာစနစ်များ နှင့်
6. Decoy Launcher များကိုလည်တပ်ဆင်ထားနိုင်ပါတယ်။

ယခုအချိန်ထိ မြန်မာ့‌🇲🇲ရေတပ်၏ မုတ္တမစစ်ရေယာဉ်ကြီးတွင်လက်နက်တပ်ဆင်ထားသည်ကိုမတွေ့ရှိရသေးပါ။

(8) တန်ကြေး

ထိုမုတ္တမစစ်ရေယာဉ်ကြီးသည် အမေရိကန်ဒေါ်လာ (37.5 မှ 45)million တန်ကြေးရှိတယ်လို့သိရပါတယ်။

လက်ရှိမြန်မာ့🇲🇲ရေတပ်တွင် မုတ္တမအမည်ရှိ Makassarအတန်းစားစစ်ရေယာဉ်တစ်စီးတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

(9) အသုံးပြုသောနိုင်ငံများ

1. အင်ဒိုနီးရှား🇮🇩ရေတပ်တွင်(5)စီး၊

2. ဖိလစ်ပိုင်🇵🇭ရေတပ်တွင် (2)စီး၊

3.ပီရူး🇵🇪ရေတပ်တွင်(2)စီး နှင့်

4. မြန်မာ🇲🇲ရေတပ်တွင်(1)စီး စသည်တို့ဖြစ်ကြပါတယ်။

ဒါကတော့မြန်မာ့🇲🇲ရေတပ်၏ မုတ္တမအတန်းစား

စစ်ရေယာဉ်ကြောင်းကို ကျွန်တော်တို့လက်လှမ်းမှီသရွှေ့တင်ပြလိုက်ရပါတယ်။

ရေးသားသူ – John Thu နှင့် အချက်အလက်ရှာဖွေသူ – John Thu and Zwal Pyae Sone Lin တို့အား လေးစားစွာ ခရက်ဒက်ပေးပါသည်။

မူရင်းပိုစ့်

 

Comment here