News Coming

မြန်မာနဲ့အိန္ဒိယအကြား ထောက်လှမ်းရေးသတင်းအချက်အလက်ဖလှယ်ဖို့ သဘောတူ ( စိတ်ကြွဆေးတွေ မူးယစ်ဆေးတွေ နောက်ဆို ပိုပြီးမိလာမလား – ပိုင်ရှင်မဲ့ မဖြစ်ဖို့တော့ လိုတယ်…)

မန်မာနဲ့အိန္ဒိယအကြား ထောက်လှမ်းရေးသတင်းအချက်အလက်ဖလှယ်ဖို့ သဘောတူ ( စိတ်ကြွဆေးတွေ မူးယစ်ဆေးတွေ နောက်ဆို ပိုပြီးမိလာမလား – ပိုင်ရှင်မဲ့ မဖြစ်ဖို့တော့ လိုတယ်…)

မြန်မာနဲ့ အိန္ဒိယအကြား မူးယစ်ဆေးဝါးမှောင်ခိုကူးမူတွေကို ထိန်းချုပ်နိုင်ရေးနဲ့ ထောက်လှမ်းရေးသတင်းတွေ အပြန်အလှန်မျှဝေကြဖို့ တို့အတွက် သဘောတူလိုက်ပါတယ်။

မြန်မာနဲ့အိန္ဒိယ ၂ နိုင်ငံကြား ၅ ကြိမ်မြောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မူ ကြာသပတေးနေ့ အစည်းအဝေးအပြီးမှာ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ခုလိုထုတ်ပြန်လိုက်ပြီး၊

ဒီမူးယစ်ဆေးဖမ်းဆီးမူတွေကို နောက်ဆက်တွဲစစ်ဆေးနိုင်ရေး ထောက်လှမ်းသတင်းတွေ၊ အချိန်ကိုက် ပို့သွားမယ်လို့ ပြောပါတယ်။

ဒီထုတ်ပြန်ချက်အရ၊ ဘိန်းဖြူနဲ့ ATS ခေါ် ယာဘစိတ်ကြွဆေး (Amphatamine မျိုး) အိန္ဒိယနိုင်ငံထဲ ခိုးသွင်းလာတာကို အိန္ဒိယဖက်က အလေးထားပြောခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့တဲ့၊ မူးယစ်ဆေးထိန်းချုပ်ရေးဗျူရို ညွှန်ကြားရေးမူးချုပ် Rakesh Asthana က မြန်မာနဲ့ နယ်စပ်ချင်းကပ်နေတဲ့ နိုင်ငံအရှေ့မြောက်ပိုင်းပြည်နယ်တွေမှာ ဒီမူးယစ်ဆေးသုံးစွဲမူတွေ မြင့်မားလာနေတာက အိန္ဒိယအတွက် အဓိက စိုးရိမ်မူကြီးဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ မူယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးရဲတပ်ဖွဲ့မူး၊ ရဲဗိုလ်မူးချုပ် ဝင်းနိုင်ကလည်း ဒီ ယာဘစိတ်ကြွဆေးထုတ်လုပ်တာ တိုးလာတဲ့ ခြိမ်းခြောက်မူက ဒေသတွင်း စိုးရိမ်မူကြီးဖြစ်လာတယ်လို့ပြောခဲ့ပြီး၊

ဒီမူးယစ်ဆေးနဲ့ ထုတ်ဖို့ဓာတုကုန်ကြမ်း ခိုးသွင်းတဲ့သတင်းတွေကို အဆင့်တိုင်းမှာ မျှဝေကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အိန္ဒိယဖက်ကပြောလာတာကလည်း၊ ယိုပေါက်တွေရှိနေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်လမ်းတွေကအပြင်၊ လမ်းကြောင်းသစ်အဖြစ် ဘင်္ဂလားပင်လယ်အော်ကပါ ခိုးသွင်းလာနေတာက၊ ၂ နိုင်ငံလုံးအတွက် စိန်ခေါ်မူကြီးဖြစ်လာနေတယ်လို့ ဆိုခဲ့ပါတယ်။

Ref-VOA

CRD_myanmarnews24

 

Comment here