News Coming
တိုက်လေယာဉ်မှာ အဲယားကွန်းပါ မပါ..
ခေတ်မှီဂျက်တိုက်လေယာဉ်အများစုမှာ အဲယားကွန်း ပါလေ့ရှိပါတယ်။
အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ်တွေမှာဆိုရင် မပါမဖြစ်ပါပါတယ်။
ခါးမှာလဲ ပစ္စတိုတစ်လက်ချိတ်ထားရပါတယ်။
တစ်ချို့ဆိုပေါင်မှာ မြေပုံကို တွဲချည်ထားရပါသေးတယ်။
သူ့ရဲ့ helmet ဟာလဲ head up display ပါတာမို့လို့ နဖူးမှာ ချွေးလေးစို့ရုံနဲ့ကို ဒုက္ခရောက်နိုင်ပါတယ်။
အချိန်ခနလေးနဲ့ လေဖိအားနဲ့ အပူချိန်မတူညီတဲ့ အမြင့်ပေအမျိုးမျိုးကို သွားနေတဲ့အခါ ပူလိုက်အေးလိုက်နဲ့ အဆင်မပြေပါဘူး။
ပူလို့ချွေးထွက်ရင် အလုပ်လုပ်လို့ အဆင်မပြေတော့ပါဘူး။
အေးတဲ့အချိန်ဆိုရင်လဲ လေယာဉ်မောင်းခန်း cockpit အပြင်မှာ ရေခဲတွေ ကပ်နေတတ်ပါတယ်။ အတွင်းမှာလဲ ရေငွေ့တွေနဲ့ မှုန်ဝါးနေတတ်ပါတယ်။
တိုက်လေယာဉ်အဲယားကွန်းဟာ သာမန်အဲယားကွန်းထက် လုပ်ဆောင်ချက်တွေ အများကြီးပိုပါတယ်။ ပါဝါလဲအများကြီးကြီးပါတယ်။
Air-conditioned လို့ မခေါ်တော့ပါဘူး။
Environmental Conditioning System (ECS) လို့ ခေါ်ပါတယ်။
သူက အလုပ်သုံးခုလုပ်ပေးပါတယ်။
ဒုတိယတစ်ချက်က လေယာဉ်မောင်းခန်း cockpit ရဲ့ လေဖိအားကို ထိန်းထားပေးတာပါ။
တတိယတစ်ချက်က (Windshield anti-fog/anti-ice function) ပါ။ ဆိုလိုတာက သိပ်အေးလွန်းတဲ့ဒေသမှာ ပျံသန်းတဲ့အခါ
က။ မှန်ကိုအတွင်းဖက်ကနေ ရေငွေ့တွေမရိုက်အောင်
ခ။ မှန်အတွင်းနဲ့အပြင်နှစ်ဘက်စလုံးမှာ ရေတွေခဲမနေအောင်နဲ့
ဂ။ မြူတွေကြောင့် မြင်ကွင်းမပိတ်အောင် ဖယ်ရှားပေးတာပါ။
(တစ်ချို့အဲယားကွန်းတွေကြတော့ ဆီပိုက်တွေနဲ့ အီလက်ထရောနစ် အစိတ်အပိုင်းတွေကိုလဲ လိုအပ်သလို အပူချိန်ထိန်းပေးပါတယ်)
တိုက်လေယာဉ်အဲယားကွန်း ECS ရဲ့ ခလုတ်ကို TEMP switch လို့ ခေါ်ပါတယ်။ သူက ခလုပ်အနေအထား သုံးမျိုးနဲ့ အလုပ်လုပ်ပါတယ်။
AUTO ဆိုရင် ကြိုတင်သတ်မှတ်ထားတဲ့ အပူချိန်ကို အလိုအလျောက် တောက်လျောက် ထိန်းထားပေးပါတယ်။
MANUAL ဆိုရင် လူကလိုအပ်သလို လိုက်ချိန်ပေးရပါတယ်။
OFF ဆိုရင် အလုပ်မလုပ်ပါဘူး။
နောက်တစ်ခုက FLOW switch ပါ။ သူကတော့ Max, Norm နဲ့ Min ဆိုပြီး speed သုံးမျိုးနဲ့ ထိန်းပေးပါတယ်။
နောက်တစ်ခုက FLOW knob ပါ။ ၊switch က လှဲ့ရတာပါ။ knob က နှိပ်ရတာပါ။ FLOW knob က လေးဆင့်အလုပ်လုပ်ပါတယ်။ ဘယ်/ ညာ/ ဘယ်နဲ့ညာ/ လုံးဝအပိတ် ဖြစ်ပါတယ်။
အအေးခံနည်းပညာကတော့ ကားအဲယားကွန်းနဲ့ သဘောတရားတူပါတယ်။
လေယာဉ်မောင်းခန်း cockpit ရဲ့ ပုံမှန်အပူချိန်ဟာ 50` – 60` C ပါ။
မူရင်း page မှာ အဲဒီလို ဖေါ်ပြထားပေမဲ့ ဒီအချက်ဟာ မေးခွန်းထုတ်စရာပါ။
ဘာဖြစ်လို့လဲဆိုတော့ human body normal temperature က 98F (37C) မို့လို့ပါ။
cockpit typical temperature ကို ဘယ်လိုသတ်မှတ်လဲဆိုတာတော့ သေသေချာချာ မသိပါဘူး။
Myanmar Military Online Study မှကူးယူဖော်ပြသည်။ လေးစားစွာ ခရက်ဒစ်ပေးပါသည်။