News Coming

အမေရိကန်က က B-52 ဗုံးကြဲလေယာဉ်တွေဝင်လာရင် ကြိုတင်သိရှိဖို့ လေကြောင်းရန်စစနစ်တွေအနေနဲ့အဆင်သင့်ပဲလို့ အီရန်တုံ့ပြန်ပြောဆို

အီရန်စစ်တပ်က ဒေသတွင်းရှိ နိုင်ငံခြားတပ်ဖွဲ့များ၏လှုပ်ရှားမှုများကိုစောင့်ကြည့်နေကြောင်းနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များက B-52 ဗုံးကြဲလေယာဉ်များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရသည်။

အီရန်စစ်တပ်၏ Khatam al-Anbia လေကြောင်းရန်ကာကွယ်ရေးဌာနချုပ်ဒုတိယဗိုလ်မှူးချုပ်ဗိုလ်မှူးချုပ် Qadir Rahimzadeh က အမေရိကန်တို့၏ B-52 ဗုံးကြဲလေယာဉ်များအပါအ၀င် နိုင်ငံခြားတပ်ဖွဲ့များ၏လှုပ်ရှားမှုအားလုံးကိုစောင့်ကြည့်နေသည်ဟုပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အထူးသဖြင့် ကီလိုမီတာ ၁၅၀ ကျော်ကြိုတင်ထောက်လှမ်းလျက်ရှိသည်ဟုလည်းဆိုသည်။

ယခုတုံ့ပြန်ကြေညာချက်သည် အမေရိကန်က B-52 ဗျူဟာမြောက်ဗုံးကြဲလေယာဉ်များအား ပါရှန်းပင်လယ်ကွေ့သို့ စေလွှတ်လိုက်ကြောင်း အီရန်ကို မိတ္တူပေးပြောကြားခြင်းနှင့် အမေရိကန်၏မဟာမိတ်များနှင့်အကျိုးစီးပွားများကိုကာကွယ်ရန်ကတိက၀တ်ပြုခြင်းအားဖြင့် အမေရိကန်စစ်တပ်ကထုတ်ဖော်ပြောဆိုပြီး နောက်တစ်ရက်အကြာတွင် အီရန်ကတုံ့ပြန်ပြောဆိုလိုက်ခြင်းလည်းဖြစ်ကြောင်းသိရှိရသည်။

Ref-AMN
CRD_MyanmarNews24

ယူနီကုတ်

Comment here