ပင်လယ်နက်တပ်ဖွဲ့၏ Project 22160 ဟုအမည်ရသော ကင်းလှည့်ရေယာဉ် Dmitry Rogachev သည်
ရေပြင်နှင့်ဝေဟပင်ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်မှုလေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ကြောင်း
ပင်လယ်နက်တပ်ဖွဲ့က တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။
သင်္ဘောတပ်သားများအနေဖြင့် မီးသတ်လေ့ကျင့်ခန်းများ၊
ရဟတ်ယာဉ်ဖြင့်ကယ်ဆယ်ရေးလေ့ကျင့်မှုများလည်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။
Project 22160 ကင်းလှည့်ရေယာဉ်ကို Severnoye Design Bureau
( United Shipbuilding Corporation အစိတ်အပိုင်း) က
ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီအနေဖြင့် ပထမဆုံးရုရှားအခြေစိုက်ထုတ်လုပ်ခဲ့ခြင်းလည်းဖြစ်သည်။
ထိုရေယာဉ်ကို ရေကြောင်းစီးပွားရေးဇုန်အတွက် ကာကွယ်ရန်အဓိကရည်ရွယ် ခြင်းဖြစ်ပြီး
စစ်ရေယာဉ်အနေဖြင့် အစောင့်လိုက်ပါခြင်း၊ ပင်လယ်ဓါးပြရန်တန်ပြန်နှိမ်နှင်းခြင်းနှင့်
ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်မည် လည်းဖြစ်သည်။
စစ်ရေယာဉ်၌ ၇၆.၂၂ မမ အမြောက်သေနတ်၊ လေယာဉ်ပစ်ဒုံးကျည်စနစ်နှင့်
စက်သေနတ်စနစ်များကိုတပ်ဆင်ထားကြောင်းသိရှိရသည်။
Ref-MyanmarNews24
Comment here