News Coming

မြန်မာ့လေတပ်🇲🇲တွင်အသုံးပြုလျက်ရှိသော ရုရှား🇷🇺ထုတ် အမောင်းသင်အပေါ့စားဂျက်တိုက်‌လေယာဉ် Yak-130 အကြောင်းတစေ့တစောင်း။

မြန်မာ့လေတပ်🇲🇲တွင်အသုံးပြုလျက်ရှိသော ရုရှား🇷🇺ထုတ် အမောင်းသင်အပေါ့စားဂျက်တိုက်‌လေယာဉ် Yak-130 အကြောင်းတစေ့တစောင်း။

(1) Yak-130 ဖြစ်ပေါ်လာပုံ

Yak-130တွေမတိုင်ခင် ရုရှား၌အသုံးပြုသောအမောင်းသင်လေယာဉ်များမှာ SU-25 frog footနှင့် Aero L-39 Albatros စတဲ့အမောင်းသင်ဂျက်တိုက်လေယာဉ်တွေဖြစ်ပါတယ်။ သို့သော်ရုရှားလေတပ်တွင် နည်းပညာမြင့် အမောင်းသင်လေယာဉ်လိုအပ်ချက်အရ တင်တာခေါ်ယူရာမှာ Yakolev ကDesign ဆွဲထားပြီး 25.4.1996မှာပထမဦးဆုံး အကြိမ်စမ်းသပ်ပျံသန်းခဲ့ကာ အောင်မြင်သွားခဲ့တဲ့Yak-130 ကတင်တာအောင်ခဲ့ပြီး 2007 ခုနစ်မှာ ရုရှားလေတပ်၌စတင်ထမ်းဆောင်ခဲ့ပါတယ်။

ထိုလေယာဉ် ကိုတည်ဆောက်‌ရေးစီမံကိန်းတွင် အီတလီနှင့်ပူးပေါင်းခဲ့ကာ အီတလီ🇮🇹က M-346ဟူ၍အမည်ပေးခဲ့ သည်။ ပုံစံကအတူတူပါပဲ့။

(2) အရွယ်အစား နှင့် ပုံသဏ္ဌာန်

ဒီလေယာဉ်ဟာ

အလျား – 11 မီတာ

အတောင်ပံအရှည် – 9.84 မီတာနှင့်

အမြင့် – 4.78 မီတာရှိပါတယ်။

ဒီ‌Yak-130ဟာ နှစ်ယောက်မောင်း ၊ဂျက်အင်ဂျင်နှစ်လုံးတပ်ဆင်ထားသည့် အမောင်းသင်အပေါ့စားဂျက်တိုက်လေယာဉ်ဖြစ်ပါတယ်။

(3) အင်ဂျင် နှင့် မောင်းနှင်နိုင်စွမ်း

Yak-130ရဲ့အင်ဂျင်က Ivchenko Progress AI-222အင်ဂျင်ဖြစ်ပါတယ်။
တစ်နာရီကို 1060ကီလိုမီတာနှုန်းဖြင့် 2546 ကီလိုမီတာအထိစစ်ဆင်ရေးပြုလုပ်နိုင်ပါတယ်။ တစ်စက္ကန့်တွင် 65မီတာ နှုန်းဖြင့် 12000မီတာအမြင့်ထိ တက်နိုင်ပါတယ်။

Yak-130 လေယာဉ်၏အတွင်းဆီတိုင်ကီသည် လေယာဉ်ဆီ 1700လီတာဆံ့ပါတယ်။

ထို့အပြင် လေယာဉ်အတောင်ပံအောက်တွင် လေယာဉ်ဆီ 450လီတာဆံ့သည့် PTB-450 အပိုဆီတိုင်ကီ (၂)လုံးချိတ်ဆွဲနိုင်ပါသေးတယ်ဗျ။ ဒီထက်အကွာအဝေးပိုသွားနိုင်ပါတယ်။

(4) တပ်ဆင်ထားသော စနစ်များ

Yak-130 တွင် ရုရှား🇷🇺ထုတ် Osa ဒါမှမဟုတ် Oca radar ကိုတပ်ဆင်ထားပါတယ်။ ၎င်း radar သည် ဝေဟင်ပစ်မှတ် (8)ခုကို တစ်ပြိုင်တည်း ထောက်လှမ်းနိုင်ပြီး 83.3km အကွာထိ ထောက်လှမ်းနိုင်ပါတယ်။

ထိုတိုက်လေယာဉ်များတွင် လေယာဉ်မှုး (2)ဦး အတွက် K-36L-3,5 အထူးထိုင်ခုံ (2)လုံးတပ်ဆင်ပေးထားပါတယ်။

Yak-130 တွင်

1. နေ့ရောညပါအသုံးပြုနိုင်သော အဆင့်မြင့်လေကြောင်းပြစနစ်များ၊

2. ရန်သူမိတ်ဆွေခွဲခြားသည့်စနစ်များ၊ ‌‌

3. လေအေးပေးစနစ် ၊

4. 12000မီတာ အမြင့်တွင်ပျံသန်းရသောလေယာဉ်မှုး (2)ဦးအတွက် oxygen ပြတ်လပ်မှုမရှိစေရန် KS-10 oxygen ပေးစနစ် ၊

5. လက်နက်ရွေးချယ်သည့်စနစ်များ နှင့်ပစ်မှတ်ချိန်ရွယ်စနစ်များ

6. Jammer စနစ်များ နှင့် Flare များ

ပါရှိတာကြောင့် နေ့ ရော ညပါစစ်ဆင်နိုင်သော ‌အမောင်းသင်အပေါ့စားဂျက်တိုက်လေယာဉ်တွေဖြစ်ပါတယ်။

(5) တပ်ဆင်ထားသော လက်နက်စနစ်များ

ဒီ Yak-130မှာ လက်နက်တပ်ဆင်နိုင်တဲ့နေရာတွေကတော့
‌၎င်းတို့မှာ လေယာဉ်ဝမ်းဗိုက်မှာ 1 နေရာ၊

(အတောင်ပံတစ်ခုစီရဲ့အောက်မှာ 3နေရာ) ၊ အတောင်ပံ က2ဖက်ဆိုတော့ 6နေရာ၊

(အတောင်ပံရဲ့အဖျားမှာ 1 နေရာ ) အတောင်ပံက 2ဖက်ဆိုတော့ 2နေရာ၊
စုစုပေါင်း 9နေရာဖြစ်ပါတယ်။

လက်နက်တွေအနေနဲ့

(1). Yak-130 တွင် 30mm ကျည်သုံး GSh-30-1 cannon ဒါမှမဟုတ် 23mm ကျည်သုံး ပြောင်း (2)ပြောင်းပါ GSh-23 gun pod တစ်ခုကို လေယာဉ်ဝမ်းဗိုက်အောက်တွင် တပ်ဆင်ထားပါတယ်။ 23mm cannon အတွက် ကျည်အတောင့်ရေ 120 ပါပါတယ်။

1. R-73 ဝေဟင်မှ ဝေဟင်ပစ် ဒုံးပျံများ🇷🇺

2. AIM-9 Sidewinder ဝေဟင်မှဝေဟင်ပစ် ဒုံးပျံများ🇺🇲

3. Magic-2 ဝေဟင်မှ ဝေဟင်ပစ် ဒုံးပျံများ 🇨🇵

4. လေဆာလမ်းညွှန်စနစ်ပါရှိသော Kh-25ML ဝေဟင် မှ မြေပြင်ပစ် ဒုံးပျံများ🇷🇺

5. KAB-500kr ပဲ့ထိန်းဗုံးများ🇷🇺

6. S-8 ဝေဟင်မှ မြေပြင်ပစ် ပဲ့ထိန်းမဲ့ဒုံးပျံ အစင်း(20)ထည့်သွင်းနိုင်သော B-8M1 rocket pod များ 🇷🇺

5. S-13 ဝေဟင်မှ မြေပြင်ပစ် ပဲ့ထိန်းမဲ့ဒုံးပျံ (5)စင်း

ထည့်သွင်းပစ်ခတ်နိုင်သော B-13L rocket pod များ🇷🇺

6. လေဆာလမ်းညွှန်စနစ်ပါရှိသော ဝေဟင် မှ မြေပြင်ပစ် Vikhr တင့်ဖျက်ဒုံးများ တပ်ဆင်နိုင်ပါတယ်။

(6) လေ့ကျင့်နိုင်ပုံ

Yak-130သည် စတုတ္ထမျိုးဆက်ထက်သာလွန်သည့် နည်းပညာများပါဝင်ပြီး စတုတ္ထမျိုးဆက် တိုက်လေယာဉ်များ(ex. Su-30,SU-35) နှင့် ရုရှား၏ ပဉ္စမမျိုးဆက်ကိုယ်ပျောက်တိုက်လေယာဉ်ဖြစ်သည့် SU-57 🇷🇺တွေကိုမောင်းနှင်မည့်လေသူရဲတွေကိုကြားခံလေ့ကျင့်ပေးနိုင်ပါတယ်။

(7) ထမ်းဆောင်နိုင်သော စစ်ဆင်ရေးများ

အမောင်းသင်ဖြစ်သော်‌လည်း လိုအပ်လာလျှင် ကြားဖြတ်တိုက်ခိုက်ခြင်း၊ မြေပြင်ပစ်ကူပေးခြင်း နှင့် လက်နက်တပ်ဆင်၍ကင်းထောက်ခြင်း စသည့် တာဝန်များကိုထမ်းဆောင်နိုင်ပါတယ်။

(8) တန်ကြေး

Yak-130 တစ်စီးကို အမေရိကန်ဒေါ်လာ 15 သန်းခန့်တန်ကြေးရှိပါတယ်။

(9) အသုံးပြုသောနိုင်ငံများ

မူရင်းနိုင်ငံဖြစ်သည့်ရုရှား🇷🇺လေတပ်တွင် 111စီးကျော်တာဝန်ထမ်းဆောင်လျက်ရှိပြီး Myanmar 🇲🇲, Bangladesh 🇧🇩, Laos 🇱🇦, Belarus 🇧🇾 နှင့် Algeria 🇩🇿စသည့်နိုင်ငံများမှာလည်း Yak-130ကိုအသုံးပြုနေကြပါတယ်။

မြန်မာ့🇲🇲လေတပ်တွင် လက်ရှိအခြေအနေအထိ Yak-130ဂျက်တိုက်လေယာဉ် 12စီးတာဝန်ထမ်းဆောင်လျက်ရှိပြီး 6စီးထပ်မံ order မှာယူထားပါတယ်။

(ဗီယက်နမ်🇻🇳လည်း Yak-130 လေယာဉ် (12)စီး မှာယူထားပါတယ်။)

ဒါကတော့ Yak-130 အမောင်းသင်အပေါ့စားဂျက်တိုက်လေယာဉ်အကြောင်းကိုကျွန်တော်တို့လက်လှမ်းမှီသရွှေ့‌ရေးသားတင်ပြလိုက်ပါတယ်။🇷🇺❤️🇲🇲

ရေးသားသူ – John Thu နှင့် အချက်အလက်ရှာဖွေသူ- John Thu and Zwal Pyae Sone Lin တို့ အားလေးစားစွာ ခရက်ဒက်ပေးပါသည်။

မူရင်းပိုစ့်

(အကယ်၍အမှားပါခဲ့လျှင်လည်းကျွန်တော်တို့၏အတွေ့အကြုံနုနယ်ခြင်းကြောင့်သာ😇😇………)

#JohnThu

#ZwalPyaeSoneLin

#MR

 

Comment here