Today News

ေခတၱတိမ္းေရွာင္ ေနရေပမယ့္လည္း အေရးေတာ္ပုံေအာင္ ဖို႔ လႈပ္ရွားမႈေတြ ဆက္လက္လုပ္ေဆာင္ သြားမယ့္ သႏၲာလွိုင္

ေမာ္ဒယ္ သႏၲာလွိုင္ကေတာ့ လမ္းေပၚထြက္ကာ ျပည္သူေတြနဲ႔အတူ အမွန္တရား ဘက္က ရပ္တည္ေနတဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ တတ္နိုင္တဲ့ အခန္းက႑ကေန ပါဝင္ေဆာင္ရြက္ေပးေနတာေၾကာင့္လည္း အားလုံးရဲ့ ခ်ီးက်ဴး ျခင္းေတြကို ရရွိထားတာပါ။ လက္ရွိအေျခအေနမွာ တိမ္းေရွာင္ေနရေပမယ့္လည္း လူမႈကြန္ယက္က ေနတစ္ဆင့္ speak out လုပ္ေပးေနသူ တစ္ေယာက္ပါ။

မေန႔ညက ထြက္ေပၚလာတဲ့ သတင္းေၾကာင့္ ပရိသတ္ေတြနဲ႔ ရင္းႏွီးတဲ့ မိတ္ေဆြမ်ားက သႏၲာလွိုင္ရဲ့ လုံျခဳံေရးအတြက္ စိတ္ပူေနၾကတာပါ။ မၾကာေသးခင္ နာရီပိုင္းေလာက္က သူမရဲ့ လူမႈကြန္ယက္စာမ်က္ႏွာ တြင္ ေခတၱတိမ္းေရွာင္ေနရေပမယ့္လည္း အေရးေတာ္ပုံေအာင္ဖို႔ လႈပ္ရွားမႈေတြ ဆက္လက္လုပ္ေဆာင္သြားမယ့္ အေၾကာင္းနဲ႔စိတ္ပူေပးၾကတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ေရးသားထားတာပဲ ျဖစ္ပါတယ္။ ” မေန႔ညက စိုးရိမ္ၿပီး လာေျပာၾကတဲ့သူေတြ၊ ဆုေတာင္းစကား လာေျပာေပးတဲ့သူေတြ အားလုံးကို ေက်းဇူးတင္ပါတယ္။ ဒီအခ်ိန္ကာလ မွာ အာဏာရွင္ေတြနဲ႔ ဘယ္ေနရာမွ၊ ဘယ္သူမွ အသက္အိုးအိမ္ လုံျခဳံမႈမရွိလို႔ ဝရမ္းထုတ္ခံရတဲ့ သူေတြရယ္လို႔ထူးၿပီး အႏၲရာယ္ရွိတာ မဟုတ္ပါဘူး… ဒီလို လုံျခဳံမႈမရွိလို႔ ရပ္လိုက္ ၾကမယ္ဆိုရင္ လြန္ခဲ့ေသာအႏွစ္ေျခာက္ဆယ္ကထက္ ဆိုးဝါးတဲ့ ဘဝေတြနဲ႔ ေခတ္ဆိုး အေမြဆိုးေတြ ကိုယ့္သားသမီးကို လက္ဆင့္ကမ္းလိုက္ရပါလိမ့္မယ္။

ကၽြန္မကိုယ္တိုင္လည္း လြန္ခဲ့တဲ့ ၃ ပတ္ေလာက္ထဲက ေရွာင္ရင္း တိမ္းရင္း လမ္းမေပၚမွာပဲ အားလုံးနဲ႔အတူ ရွိေနပါတယ္။ တိုက္ပြဲရွိရင္ ေအာင္ပြဲရွိတာမို႔ ေပ်ာ္ရာမွာမေန ေတာ္ရာကေနပဲ အေရးေတာ္ပုံေအာင္တဲ့အထိ လုပ္စရာရွိ တာေတြကို ဆက္လက္လုပ္ေနမွာပါ။ ေမာင္မိုးျမင့္ရဲ့ ကို အနတၱ အေနာ္မာရဲ့ ကဗ်ာထဲကလို
“ Keep yourself to yourselfပုံမပ်က္ ဆက္ဆံေရးနဲ႔ ေတာ္လွန္ေရး ကို ေသြးေျမမက်ေစနဲ႔ဆင္ျခင္တုံတရား ၊ ဥာဏ္ပညာ ၊ လက္ဖ်ံရိုးေတြကို ပူးကပ္ခ်ည္ေႏွာင္ထားအဆင္သင့္သုံးလို႔ရေအာင္ ျမေနေအာင္လည္း ေသြးထား အလိုက္သင့္ စီးဆင္းရေအာင္ ငါတို႔ဟာ အေပ်ာ္စီးေလွေတြ မဟုတ္ဘူးဆန္သင့္ရင္ ဆန္တက္ရမယ္ ျမဲျမဲ ကိုင္ထား”အေရးေတာ္ပုံ ေအာင္ရမည္!” ဆိုၿပီး ေရးသားထား တာပဲ ျဖစ္ၿပီး ပရိသတ္ေတြအတြက္ ဒီသတင္းကို တစ္ဆင့္ျပန္လည္ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

unicode

မော်ဒယ် သန္တာလှိုင်ကတော့ လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ အမှန်တရား ဘက်က ရပ်တည်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးနေတာကြောင့်လည်း အားလုံးရဲ့ ချီးကျူး ခြင်းတွေကို ရရှိထားတာပါ။ လက်ရှိအခြေအနေမှာ တိမ်းရှောင်နေရပေမယ့်လည်း လူမှုကွန်ယက်က နေတစ်ဆင့် speak out လုပ်ပေးနေသူ တစ်ယောက်ပါ။

မနေ့ညက ထွက်ပေါ်လာတဲ့ သတင်းကြောင့် ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေများက သန္တာလှိုင်ရဲ့ လုံခြုံရေးအတွက် စိတ်ပူနေကြတာပါ။ မကြာသေးခင် နာရီပိုင်းလောက်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာ တွင် ခေတ္တတိမ်းရှောင်နေရပေမယ့်လည်း အရေးတော်ပုံအောင်ဖို့ လှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ့် အကြောင်းနဲ့စိတ်ပူပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ရေးသားထားတာပဲ ဖြစ်ပါတယ်။ ” မနေ့ညက စိုးရိမ်ပြီး လာပြောကြတဲ့သူတွေ၊ ဆုတောင်းစကား လာပြောပေးတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအချိန်ကာလ မှာ အာဏာရှင်တွေနဲ့ ဘယ်နေရာမှ၊ ဘယ်သူမှ အသက်အိုးအိမ် လုံခြုံမှုမရှိလို့ ဝရမ်းထုတ်ခံရတဲ့ သူတွေရယ်လို့ထူးပြီး အန္တရာယ်ရှိတာ မဟုတ်ပါဘူး… ဒီလို လုံခြုံမှုမရှိလို့ ရပ်လိုက် ကြမယ်ဆိုရင် လွန်ခဲ့သောအနှစ်ခြောက်ဆယ်ကထက် ဆိုးဝါးတဲ့ ဘဝတွေနဲ့ ခေတ်ဆိုး အမွေဆိုးတွေ ကိုယ့်သားသမီးကို လက်ဆင့်ကမ်းလိုက်ရပါလိမ့်မယ်။

ကျွန်မကိုယ်တိုင်လည်း လွန်ခဲ့တဲ့ ၃ ပတ်လောက်ထဲက ရှောင်ရင်း တိမ်းရင်း လမ်းမပေါ်မှာပဲ အားလုံးနဲ့အတူ ရှိနေပါတယ်။ တိုက်ပွဲရှိရင် အောင်ပွဲရှိတာမို့ ပျော်ရာမှာမနေ တော်ရာကနေပဲ အရေးတော်ပုံအောင်တဲ့အထိ လုပ်စရာရှိ တာတွေကို ဆက်လက်လုပ်နေမှာပါ။ မောင်မိုးမြင့်ရဲ့ ကို အနတ္တ အနော်မာရဲ့ ကဗျာထဲကလို“ Keep yourself to yourselfပုံမပျက် ဆက်ဆံရေးနဲ့ တော်လှန်ရေး ကို သွေးမြေမကျစေနဲ့ဆင်ခြင်တုံတရား ၊ ဉာဏ်ပညာ ၊ လက်ဖျံရိုးတွေကို ပူးကပ်ချည်နှောင်ထားအဆင်သင့်သုံးလို့ရအောင် မြနေအောင်လည်း သွေးထား အလိုက်သင့် စီးဆင်းရအောင် ငါတို့ဟာ အပျော်စီးလှေတွေ မဟုတ်ဘူးဆန်သင့်ရင် ဆန်တက်ရမယ် မြဲမြဲ ကိုင်ထား”အရေးတော်ပုံ အောင်ရမည်!” ဆိုပြီး ရေးသားထား တာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Comment here