Today News

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်အမှုကို ဧပြီ ၂၂ ရက် ရုံးချိန်းပြန်ချိန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ မြန်မာနိုင်ငံ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့အမှုအတွက် ဒီနေ့ ဧပြီ ၈ ရက်မှာ ရုံးချိန်းရှိပေမယ့် စစ်ဆေးမှုမစတင်သေးဘဲ နောက်တစ်ကြိမ်ရုံးချိန်းကို ဧပြီ ၂၂ ရက်ကို ပေးလိုက်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ခွင့်ရဖို့ ကြိုးစားနေတဲ့ ရှေ့နေ ဒေါ်စန်းမာလာညွန့်က ပြောပါတယ်။

“ဧပြီ ၂၂ ရက်ကို ရုံးချိန်းပြန်ချိန်းတယ်။ ကျွန်မတို့ကတော့ ဒီမတိုင်ခင်မှာ ကြားမှာ ရှေ့နေပါဝါရဖို့ ကြိုးစားသွားပါမယ်” လို့ သူကပြောပါတယ်။

ရန်ကုန်မှာ စွဲဆိုထားတဲ့ဒီအမှုအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က လိုက်ပါဆောင်ရွက်ဖို့ ဒေါ်စန်းမာလာညွန်နဲ့ ဦးကြည်ဝင်းတို့က ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့တည်းက နေပြည်တော်မှာ ရှေ့နေ ပါဝါသွားရောက်တင်ခဲ့ပေမယ့် ဒီနေ့ဧပြီ ၈ ရက်ထိ မရရှိခဲ့တာကြောင့် အမှုတွဲကိုလည်း ဖတ်ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

Comment here