Today News

မုံရွာ၌ စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး

မုံရွာ၌ စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယနေ့ (မတ် ၂၁) နံနက်ပိုင်းက ဗိုလ်တေဇလမ်းပေါ်၌ စစ်အာဏာရှင်ဆန့်ကျင် ရေး ဆန္ဒထုတ်ဖော်ရန် အတားအဆီး များပြုလုပ်နေစဉ် စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်ဖြိုခွင်း သဖြင့် အမျိုးသားတစ်ဦးတစ်ဦး ကျဆုံးခဲ့ကြောင်း မြို.ခံ ဆရာဝန်တစ်ဦးက Myanmar Now ကို အတည်ပြုသည်။
သေဆုံးသူ ကိုမင်းမင်းဇော်ဆိုသူဖြစ်ပြီး မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း၌ ရှေ့တန်းမှပါဝင်နေသူတစ်ဦးဖြစ်ကာ စစ်ကောင်စီ လက်နက်ကိုင်များပစ်ခတ်မှုကြောင့် ဦးခေါင်းပွင့်ဒဏ် ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိသူများရှိသော်လည်း အသေးစိတ်အချက်လက်ကိုမူ အတည်မပြုနိုင်သေးပေ။
အဓိကလမ်းမကြီးများတွင် ဆန္ဒထုတ်ဖော်၍မရအောင် အကြမ်းဖက်အုပ်စုမှတပ်ဖွဲ့ဝင်များက လက်နက်ကိုင်၍ တင်းကြပ် ထားသည့်အတွက်
ရပ်ကွက်အတွင်း လမ်းများကိုအသုံးပြု၍ မုံရွာ​ဒေသခံပြည်သူများက ​နေ့စဥ်ဆန္ဒထုတ်​ဖော်​နေကြသည်။ ထိုအပြင် အကြမ်းဖက် တပ်ဖွဲ့ဝင်များ လာ​ရောက်ပါက အထိ့အခိုက်နည်း​စေရန် အတားအဆီးများ လမ်းအလိုက်ပြုလုပ်ထားရာ အကြမ်းဖက်အဖွဲ့၏ လက်နက်ကိုင်များက ယ​နေ့နံနက်တွင် ဗိုလ်​တေဇလမ်းသို့ အတားအဆီးများကို လာ​ရောက်ဖယ်ရှားရင်း ပြည်သူများကိုပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယ​နေ့နံနက်တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြပွဲများကို မုံရွာမြို့၌ဆက်လက် ပြုလုပ်ခဲ့ပြီး ပင်မသပိတ်စစ်​ကြောင်းမှာသလ္လာရပ်ကွက်တွင်ငြိမ်းချမ်းစွာဆန္ဒပြ​ခဲ့သည်။ ဗိုလ်​တေဇလမ်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး​နောက် ​ဆန္ဒပြပွဲများကိုလူစုခွဲခဲ့သည်။မုံရွာမြို့တွင် ​ဖေ​ဖော်ဝါရီ ၇ ရက်မှ စ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြပွဲများ ​နေ့စဥ် ပြုလုပ်ခဲ့ရာ ရက်ပေါင်း ၄၃ရက်ရှိပြီဖြစ်သည်။
မုံရွာတွင် ယနေ့ကျဆုံးခဲ့​သော လူငယ်အပါအ၀င် စစ်အာဏာသိမ်းပြီးနောက်အကြမ်းဖက်အုပ်စုက ​သေနတ်ဖြင့်ပစ်သတ်ခံ့ရ၍ သေဆုံးသူ ၁၂ ဦးရှိလာပြီဖြစ်သည်။ အကြမ်းဖက်အုပ်စု၏ပစ်ခတ်သတ်ဖြတ်မှု​ကြောင့် ​ဖေ​ဖော်ဝါရီ ၁ ရက်မှ မတ်လ ၂၀ အထိ့ အနည်းဆုံး ပြည်သူ ၂၄၇ ဦးကျဆုံးခဲ့ပြီဖြစ်​ကြောင်း နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်းကယ​နေ့ထုတ်ပြန်ထားသည်။
အသတ်ခံရပြီး ​ပျောက်ဆုံး​နေသူ၊ အသတ်ခံရ​သော်လည်း သတင်အချက်အလက်မရသူ များစွာရှိ​နေသဖြင့် အမှန်တစ်ကယ် အသတ်ခံရ​သောပြည်သူအ​ရေအတွက်မှာ ထို့ထက်များစွာပိုနိုင်ပါသည်။

Comment here