Today News

တိုင်းပြည်ဟာ တပ်ပိုင်မဟုတ်ပါ (ေဆာင္းပါး)

Feb 1 ရက်နေ့မှာ အာဏာစသိမ်းတာ ဒီနေ့ဆို ရက်ပေါင်း ၈၁ ရက်ရှိပါပြီ စစ်အာဏာသိမ်းမူ့ကို တွန်းလှန်တဲ့ တော်လှန်ရေးပုံသဏ္ဍန်အမျိုးမျိုးကတော့ ပျက်မသွားသေးပါဘူး ပြည်သူကရတဲ့ နည်းနဲ့တော်လှန်နေကြဆဲဖြစ်ပါတယ်။၃လနီးပါးကြာလာပြီဖြစ်တဲ့ စစ်အာဏာသိမ်းမူ့မှာ တိုင်းပြည်စီးပွားရေးတွေလဲအကုန်ရပ်သွားသလို အစိုးရယန္တယားတစ်ခုလုံးလဲ လည်ပတ်လို့မရအောင်ကို ဖြစ်နေပါတယ်။CDMဟာ စကစ အရိူက်ကိုထိုးခံလိုက်ရသလို သံတမန်ရေးဆုံးရူံးမူ့နဲ့ CRPH ထိုမှNUGကို နိုင်ငံတကာက အသိအမှတ်ပြုမူ့တွေဟာစကစ အုပ်ချုပ်ဖို့အခက်အခဲဖြစ်သွားတော့တယ် စကစဟာ အာဏာသိမ်းပြီး အမှားကြီး ၅ခုကိုကျူးလွန်ခဲ့ပါတယ်။

၁ စည်ပင်ဧည့်ရိပ်သာထဲက ဖမ်းထားတဲ့ NLDအမတ်တွေကို ပြန်လွှတ်ပေးခဲ့တယ်
(NLD အမတ်တွေကိုလွှတ်ပေးခဲ့လို့ CRPHဆိုတာပေါ်လာတာပဲဖြစ်တယ်)၂ ပြည်သူလက်မခံသူတွေကို စကစ အဖွဲ့ဝင်
တွေအဖြစ်ခန့်ခဲ့တယ်(အာဏာသိမ်းလို့ ပြည်သူကဒေါသထွက်နေတာကို ပြည်သူလက်မခံသူတွေကို စကစထဲ
နေရာပေးလိုက်တာ ပြည်သူကပိုလို့ရွံရှာသွားပါတယ် )၃ NLD လက်ထက်ကခန့်ထားတဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ပစ်ခဲ့တယ်(အုပ်ချုပ်မူ့ပိုင်းမှာ အရေးပါဆုံးဖြစ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဖြုတ်လိုက်တာဟာ အုပ်ချုပ်ရေးပိုင်းကိုပျက်ပြားသွားစေပါတယ် )၄ ဆန္ဒပြပြည်သူတွေကို စစ်မြေပြင်လို စစ်ဆင်ရေးအသွင်သဏ္ဍန်နဲ့ ဖြိုခွင်းခဲ့တယ်
(အကြောက်တရားနဲ့ ပြည်သူတွေကို ထိတ်လန့်အောင် ရက်ရက်စက်စက်လုပ်ပြပေမယ့်အကြောက်တရားအလွန်တစ်ဖက်မှာ နာကြည်းမူ့ဆိုတာဖြစ်လာပြီး စကစကိုတွန်းလှန်ဖို့အဆုံးထိ စိတ်ဓတ်တွေခိုင်မာလာတယ်)၅ CNNသတင်းဌာနကို ဝင်ခွင့်ပြုခဲ့တယ်(အလိမ်အညာတွေနဲ့ ဂျင်းခေါ်ထည့်ပေမယ့်ကမ္ဘာနဲ့ချီအတွေ့အကြုံရှိသူတွေမို့ သူတို့ဖုံးသမျှပေါ်ပြီး တော်လှန်ရေးအပေါ်ရက်စက်မူ့တွေကို ကမ္ဘာကြီးတစ်ခုလုံး ကျယ်ပြန့်စွာသိရှိသွားတယ်)
ဒါ စကစ မှားတဲ့အမှားတွေထဲက အချက်၅ချက်ပါ စကစ လုပ်နေတာအများစုက ၁၉၈၈ ပုံစံပါပဲ ဒါဟာလဲ ပြည်သူကိုနှိမ်နင်းဖို့ ၈၈ မှာအစွမ်းပြခဲ့တဲ့ ခင်ညွှန့်ကတာဝန်ယူထားတာပဲဖြစ်မယ် အသက်သာကြီးလာတယ် ခုထိမိုက်တွင်းကနက်တုန်းဆိုတာသိသာပါတယ် ဘယ်တော့မှလဲ နောင်တရမယ့်လူမဟုတ်ပါဘူးပြည်သူက ၈၈ နဲ့တစ်ထပ်ထဲလုပ်လာတဲ့ လုပ်ရပ်တွေမို့ ကြိုသိပြီး အချင်းချင်းသတိပေးကြတော့ သူတို့ထောင်ချောက်ထဲမရောက်ခဲ့တာ ကံကောင်းတယ်လို့ ဆိုရပါမယ်၈၈တုန်းက ပြည်သူကအခုလိုစနစ်မကျဘူးပြည်ပကိုလဲသိပ်မပေါက်ရောက်ဘူး CDM
လဲမရှိဘူး တိုင်းရင်းသားတွေလဲအခုလိုပါမလာနိုင်ဘူးအခုက ဘက်ပေါင်းစုံကနေ စကစကိုတိုက်နေတာ စကစဆိုတာနေရာကွက်ကွက်လေးပဲရှိတယ် ထွက်ပေါက်လဲပိတ်နေပြီ သူ့လူသူချနင်းပြီး ဆုတ်လမ်းရှာမှရမယ် အဲ့လိုမှမဟုတ်ရင် မြန်မာပြည်လဲစစ်မီးကြီးတောက်မှာဖြစ်သလို သူတို့ချစ်တဲ့ တပ်မတော်ဆိုတာလဲ ပြိုကွဲသွားလိမ့်မယ်
အခုက စကစကိုဘက်ပေါင်းစုံကနေ ညှပ်ပိတ်ထားတာ ဘာမှလုပ်မရဘူး တရုတ်ကအရေးဆို အမိုက်ခံကာကွယ်မပေးဘူး သူလဲပတ်ဝိုင်းခံထားတာ တရုတ်ဖြစ်စေချင်တာကမြန်မာကို ဆီးရီးယားလိုဖြစ်စေချင်တာ စစ်ပွဲကြာလေ သူဆီရောက်နေတဲ့ အာရုံလျော့လေပဲ အခုတောင် ကိုဗစ်တတိယလိူင်းဆိုပြီး ကမ္ဘာပတ်မွှေနေပြန်ပြီထရန့်တုန်းကလဲ သူ့စစ်တိုက်မယ်ဆိုတော့ ကိုဗစ်နဲ့ကမ္ဘာကြီးတစ်ခုလုံး ဒုက္ခရောက်အောင်သူလုပ်ပလိုက်တယ် တရုတ်ဟာအင်အားခြင်းထိပ်တိုက်ရင်မဆိုင်ရဲဘူးအောက်လုံးထိုးဖို့ပဲတတ်တဲ့လူမျိုးဖြစ်တယ်မော်စီတုန်းလက်ထက်ကလို ထမင်းရည်ပဲပြန်သောက်ရအောင်လုပ်သင့်တယ် မချမ်းသာသင့်တဲ့လူမျိုးပဲဖြစ်တယ်အခုUNတပ်တွေ စစ်တကောင်းဘက်အများအပြားရောက်နေတယ် တရုတ်ချုပ်ထားတဲ့ ရခိုင်ကို သူတို့ဝင်နေရာယူမယ့်ပုံပါပဲ ဘင်အရေးလဲရှိတော့ မြန်မာပြည်အနေနဲ့သတိတော့ထားရမယ်
မြန်မာတွေဟာ ဘယ်တော့မှ မညီညွှတ်ခဲ့ဘူးသူတလူငါတမင်းစိတ်ဓတ်တွေချည်းပဲ ငါသိငါတတ်ငါလုပ်ရမှ ဆိုတဲ့စိတ်ဓတ်ပဲရှိတယ်ပေါင်းစည်းလုပ်ဆောင်ဖို့မရှိဘူး
ခေတ်အဆက်ဆက်လဲ သေနတ်ကိုင်ထားတဲ့ကောင်တွေက ဗိုလ်ကျတယ် သေနတ်ကိုင်လိုက်တာနဲ့ နိုင်ငံရေးလုပ်တတ်တယ်ထင်ကြတယ် ငါ့မထောက်ခံရင် သတ်မယ် ထောင်ချမယ်ဆိုတာ နိုင်ငံရေးမဟုတ်ဘူး ပြည်သူ့အရေးဟာနိုင်ငံရေးပဲ ပြည်သူလက်ခံ ကျေနပ်အောင်လုပ်ရမှာဖြစ်တယ် အဝေဖန်မခံနိုင် ဆန့်ကျင့်တာမခံနိုင်ရင် နိုင်ငံရေးမလုပ်နဲ့လေ ပြည်သူကတော့သူဖြစ်ချင်တာ အော်နေမှာပါပဲပြန်ချုပ်ရရင်တိုင်းပြည်ဟာ တပ်ပိုင်မဟုတ်ပါဘူး ပြည်သူအားလုံးပိုင်တာပါ ပြည်သူလက်မခံရင် ဘယ်သူမှအုပ်ချုပ်လို့မရပါဘူးစကစအတွက် အခုချိန်ဟာ လမ်းဆုံရောက်နေပြီဆက်တိုးဖို့ဆုံးဖြတ်ထားရင် ရင်ဆိုင်ဖို့ပြင်ဆင်ထားရလိမ့်မယ် သေချာတာက စကစ အနိုင်ရမှာမဟုတ်ဘူး ဒီအတွက်ပေးဆပ်မူ့ကြီးလိမ့်မယ် တိုင်းပြည်လဲနာမှာပဲ ပြည်သူက စထဲကသုညပဲ အဆုံးထိရင်ဆိုင်မှာပဲ
တစ်ခုသတိပေးချင်တယ်တရုတ် Back Up ပေးလို့ ရပ်တည်နိုင်တဲ့ အစိုးရမရှိသေးဘူး ၈၈- ၂၀၁၀ နဲ့အခုအများကြီးကွာသွားပြီ အမေရိကန်အနေနဲ့သူ့ပါဝါပြန်တည်ဆောက်နေတဲ့အချိန်မှာ တရုတ်ကိုခုက်မယ့်ဓားထဲ လက်ဝင်မခံပေးသင့်ဘူးဒါကြောင့်တိုင်းပြည်ကိုတကယ်ချစ်တဲ့ စစ်သားစစ်စစ်တွေ အာဏာရူးတစ်သိုက်ကို ရှင်းပြီး အမေစုနဲ့ ညှိနိူင်းကာ စစ်သားအလုပ် အမြန်ဆုံးလုပ်ဖို့လိုပါပြီလို့ သတိပေးချင်တယ်ဗျာ
#Crdမုဆိုး လက်

Comment here