Today News

မိုးကုတ်မြို့၌ KBZဘဏ်ခွဲအချို့ ပြန်ဖွင့်၊ တပတ်စာအတွက် တိုကင် ၁၅၀ သာထုတ်ပေး

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဧပြီ ၂၆ ရက်နေ့ကစပြီး ကမ္ဘောဇ (KBZ)ဘဏ်ခွဲတချို့  မနက် ၉ နာရီခွဲကနေ ၁၂ နာရီအထိ  ပြန်လည်ဖွင့်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဒီနေ့ မနက် ၇ နာရီဝန်းကျင်ကစပြီး ဘဏ်မဖွင့်ခင်ကတည်းက  ငွေထုတ်မယ့်ပြည်သူတွေ ဘဏ်ရှေ့ တွေ့မှာ စည်ကားနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘဏ်တံခါးတွေကိုတော့ ပိတ်ထားပြီး  လူတစ်ဦးကို တပတ်မှာ ငွေကျပ် ၅ သိန်းသာ  ထုတ်ခွင့်ရှိကာ တပတ်စာအတွက် တိုကင် ၁၅၀ သာ ထုတ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ မိုးကုတ်မြို့အရှေ့ပိုင်း ဘဏ်ခွဲ ၁ နဲ့ အနောက်ပိုင်းဘဏ်ခွဲ ၂ သာလျှင် ဘဏ်ဖွင့်နေတာ ဖြစ်တယ်လို့သိရပါတယ်။

Photo Credit

Comment here