Today News

လပွတ္တာတွင် လေပြင်းတိုက်ခတ်ပြီး အနည်းဆုံး စက်လှေ ၆ စီး နစ်မြုပ်

ဧရာဝတီတိုင်း၊ လပွတ္တာမြို့မှာ မေလ ၆ ရက် မွန်းလွဲပိုင်းက လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ကမ်းနားမှာရပ်ထားတဲ့ စက်လှေ အနည်းဆုံး ၆ စီးထက်မနည်းနစ်မြုပ်ခဲ့ပါတယ်။

“ကျနော်တို့ မျက်စိရှေ့မှာတင် မြုပ်သွားတာ လေး၊ ငါးစီးလောက်ရှိတယ်၊ လောလောဆယ်တော့ မီးသတ်က လိုက်ပြီးကယ်ဆယ်ရေးတွေလုပ်ပေးနေပါတယ်”လို့ ဒေသခံတွေကပြော ပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် စက်လှေတွေနစ်မြုပ်တာနဲ့ပတ်သက်ပြီး လပွတ္တာခရိုင်မီးသတ်တပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုခြင်းမရှိလို့ စက်လှေနစ်မြုပ်မှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု စာရင်းကိုတော့ အတိအကျမသိရသေးပါဘူး။

ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ ဒီနေ့မွန်းလွဲပိုင်း လေပြင်း တိုက်ခတ်တာတွေရှိခဲ့ပြီး ထိခိုက်ပျက်စီးတာတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Comment here