Today News

ဆော-ဆိပ်ဖြူလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မေလ ၁၃ ရက် နေ့လည်ပိုင်းက ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ  တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဆောမြို့နယ် စစ်အာဏာရှင်ပြုတ်ကျရေး လှုပ်ရှားသူတစ်ဦးက ” ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာ ဟုတ်ပါတယ်။ အကြမ်းဖက်စစ်သူပုန် တစ်ဝက်လောက်က ဆောမြို့ဘက်ကို တပ်ဆုတ်သွားပြီးတော့ တစ်ဝက်ကျန်သေးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်သူတွေဘက်ကတော့ ထိခိုက်ကျဆုံးတာမရှိဘူးလို့ သိရပြီးတော့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ဒေသခံပြည်သူတွေအနေနဲ့ ဒီနေ့ မေလ ၁၃ ရက်နေ့ကစလို့ ဆော-ဆိပ်ဖြူလမ်းပိုင်း ၊ ကျောက်ထု-ပခုက္ကူလမ်းပိုင်းတွေကို လုံခြုံရေးအရ ဆက်သွယ်သွားလာခြင်းမပြုလုပ်ကြဖို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးပေါ်ကြေညာချက်ထုတ်ပြန် အသိပေးထားပါတယ်။

Comment here